အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ

419 60 0
                                    

အပိုင်း ၁၇၃ : စစ်တုရင် ခုံထဲက ကမ္ဘာ

"ကဲ… လာလာ… မင်းတို့ကို ငါ့ရဲ့ တပည့်လေးတွေနဲ့ မိတ်ဆက်ပေးရဦးမယ်…"

လင်းဖုန်းက အပေါ်ယံမှာ ဧည့်ဝတ်ကျေတဲ့ပုံ ဖမ်းနေခဲ့ပေမဲ့… စိတ်ထဲမှာကတော့ ပြုံးဖြီးဖြီးကြီး ဖြစ်နေခဲ့တာပါ။ သူ့ရဲ့ တပည့်တွေကို မကျင်လည်ဘူးလို့ ပြောထားခဲ့ပေမဲ့… ဘယ်တစ်ယောက်ကိုပဲ ကြည့်ကြည့် ခန်းနန်ဟွာနဲ့ ယွဲ့ဟုန်ယန်တို့ နှစ်ယောက်စလုံးက မယုံနိုင်လောက်အောင် အံ့အားသင့်သွားကြမှာလေ။

အာ… သူ့ရဲ့ အလားအလာတွေကို အပြည့်အဝ မဖော်ထုတ်ရသေးတဲ့ ဝမ်လင်းကတော့ ပါချင်မှ ပါမှာပေါ့… ဒါပေမဲ့လည်း သူ့ရဲ့ မှော်ကျိန်စာတွေနဲ့ တာအိုနည်းစနစ်တွေကို သဘောပေါက် နားလည်မှုကတော့ ရှာမှရှားပါပဲ…"

အစပထမကတော့… သူဟာ သူ့ရဲ့ တပည့်တွေကို ခေါ်ကြွားမလို့ပါ။ ဘယ်သူက သိမှာလည်း… သူက ဇူရီနဲ့ ဝမ်လင်းတို့ကိုသာ အာရုံခံနိုင် လိမ့်မယ်လို့?

ရှောင်ယန်နဲ့ ရှောင်ပုတန်လေးတို့ဟာ ပျောက်ဆုံးသွားခဲ့သလိုမျိုး လုံးဝကို တိတ်ဆိတ်နေခဲ့ပါတယ်။

"ဇူရီ… ဘာဖြစ်တာလည်း? ရှောင်ယန်နဲ့ ရှောင်ပုတန်တို့ရော?" လင်းဖုန်းက သူ့ရဲ့ မျက်မှောင်ကြီးတွေကို ကြုတ်လိုက်ပြီး… ဇူရီကို အသံလွှင့်ပြီးမှ မေးလိုက်ပါပြီ။

ချက်ချင်းဆိုသလိုပဲ သူဟာ ဇူရီရဲ့ အလောတကြီး ဖြစ်နေတဲ့ အသံကို ကြားလိုက်ရပါတယ်… "ဟာ… ဆရာသခင်… ဆရာက အချိန်ကောင်းမှာ ရောက်လာတာပဲ။ ဂျူနီယာလေးက ရတနာ သစ်ပင်နားမှာ ပတ်ဆော့နေတုံးမှာ… သစ်ပင်အောက်မှာ တစ်ယောက်ထဲ စစ်တုရင် ထိုင်ဆော့နေတဲ့ အဘိုးကြီးရဲ့ စစ်တုရင်ခုံထဲကို ဝင်ပြီးပျောက်သွားခဲ့တယ်ဗျ…"

"အစ်ကိုကြီးက သူ့ကိုကယ်ဖို့ ကြိုးစားခဲ့ပေမဲ့… သူကပါ ဒီစစ်တုရင်ခုံရဲ့ စုပ်ယူခြင်းကို ခံလိုက်ရတာပဲ။ ကျွန်တော်နဲ့ တတိယ ညီလေးတို့က သူတို့ကို ကယ်တင်ဖို့ ကြိုးစားချင်နေပေမဲ့… အရမ်းကာရော လျှောက်မလုပ်ရဲလို့ပါ…"

လင်းဖုန်းရဲ့ နှလုံးခုန်နှုန်းတွေဟာ စည်းချက်မှားသွားခဲ့ပြီး… ခန်းနန်ဟွာတို့ကို ဧည့်ခံဖို့တောင် သတိမရတော့ပဲ… ရှောင်ယန်နဲ့ ရှောင်ပုတန်လေးတို့ဟာ အဆင်ပြေရဲ့လား ဆိုတာကို အရင်ကြည့်ချင်နေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now