26

3.4K 433 33
                                    

အခန်း ၂၆ စပရိုက်စ်

ဆေးရုံကထွက်လာပြီး ဆေးစစ်ချက်စာရွက်တွေကိုကိုင်ကာ ယောင်ယောင် စိတ်လွတ်နေခဲ့သည်။

ဒီကိစ္စက လွန်ခဲ့တဲ့ ၃ ရက်က စရှင်းပြရမှာပင် ဘာလို့လဲဆိုတော့ ချင်းကျင်းက နိုင်ငံခြားကို အလုပ်ခရီးဌွက်တော့ ယောင်ယောင် အိမ်မှာပြန်နေခဲ့တာ ဘာဖြစ်လဲတော့မသိ နာနီ အန်တီတွေလုပ်တဲ့ အချိုပွဲက သူမအကြိုက်ဆုံး တွေပင် အခုကျ မျိုချဖို့ ခက်နေရော ထမင်းလည်း သိပ်စားချင်စိတ်မရှိဘဲ ရုတ်တရက် ထထအန်နေတော့တာ

အစပိုင်းက ဂရုမစိုက်မိဘူး နွေရာသီက ပူတော့ စားချင်စိတ်ပျောက်စေတယ်လေ ပြောရရင် ချင်းကျင်း ချက်ကျွေးတာကိုလည်း ကျင့်သားရနေတော့ သူမ အကြိုက်ပြောင်းသွားတယ်ထင်ပြီး စိတ်ထဲ သိပ်မထားမိလိုက်ဘူး

ဒေါ်လေး လျိုကသူမပုံစံကိုမြင်ပြီး 'ကိုယ်ဝန်ရှိနေတာတော့မဟုတ်ဘူးမလား'လို့ စလိုက်တော့မှ ယောင်ယောင် ရင်တုန်သွားတော့တာ ဘာလို့လဲ ဆိုတော့ သူမ ဓမ္မတာ မလာတာ လဝက်လောက်ရှိနေပြီမို့လို့လ လာရမယ့်အချိန်ထက် နောက်ကျနေပြီးတော့ပေါ့

ပြောမှပဲ သူမနဲ့ချင်းကျင်း ဘာအကာအကွယ်မှမသုံးခဲ့ကြဘူး ပြောရရင် နှစ်ယောက်လုံးက ကွန်ဒုံးသုံးရတဲ့ခံစားချက်ကို မကြိုက်တာရယ် တားဆေးကိုလည်း တစ်ခါမှမတွေးဖူးတာကြောင့်ရယ်ပင်

ယောင်ယောင်က လုံးဝ မတွေးမိသလိုချင်းကျင်းကလည်း ဒီကိစ္စကိုဘာမှမပြောဘူးလေ

တွေးမိတာနဲ့ ယောင်ယောင်စိတ်ထဲ အမြစ်တွယ်သါားတာ ဆေးရုံသွားစစ်ဖို့ ဆုံးဖြတ်လိုက်တော့တာပဲ တခြားသူတွေ ဒိီပြသာနာကို ဘယ်လိုရင်ဆိုင်ကြလဲတော့ သူမမသိ ဒါမဲ့ သူမကတော့ ရလဒ်ကို စောင့်ရင်း စိတ်လှုပ်ရှားသလို ကြောက်နေခဲ့တာ ရလဒ်ကို ရင်မဆိုင်ရဲလို့ လှည့်ထွက်သွားချင်တဲ့ထိလေ

ရလဒ်ထွက်လာတော့ အံဩရမယ့်အစား ကြောက်မိတာဆိုပိုမှန်လိမ့်မည်။

သူမသာ အသက် နှစ်ဆယ် အရွယ်မိန်းကလေးတစ်ယောက်သာဆို တိတ်တိတ်လေး ကလေးကိုဖျက်ချမိမှာပဲ ပြီးရင် ဒါကို သင်ခန်းစာအဖြစ် မှတ်ယူပြီး နောက်ထပ်မဖြစ်အောင်ကာကွယ်မှာပေါ့လေပြီးတော့ သူမ ကောင်လေးကလည်း ဘာလုပ်ရမှန်းမသိဖြစ်နိုင်သလို တာဝန်မယူချင်တာလည်း ဖြစ်နိုင်သည် အဆုံးကျ သူကလည်း ကလေးဖျက်ချဖို့ကိုပဲ ထောက်ခံလိမ့်မည်လေ

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now