အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်

430 68 2
                                    

အပိုင်း ၁၈၂ : ငါ့ရဲ့ အပျံစား ညီအစ်ကို ရှီးဟောင်

လင်းဖုန်းဟာ ရေမွှေးအိတ်လေးကို ဖျစ်ညှစ်ကြည့်လိုက်ပြီး… ဒီရေမွှေးအိတ်ကို ချုပ်လုပ်ထားတဲ့ အဝတ်စကနေပြီး သူ့ရဲ့အထဲက မဟာနေမင်း အလင်းတန်းကို အာရုံခံနိုင်ခဲ့ပါတယ်။

လင်းဖုန်းဟာ သူ့ရဲ့ မှော်စွမ်းအင်တွေကို ထည့်သွင်းခဲ့ပြီး စစ်ဆေးကြည့်လိုက်တော့… ဒီအိတ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံတွေကို တဖြေးဖြေး နားလည်လာခဲ့ပါတယ်။

ဒီအိတ်လေးရဲ့ အတွင်းက အဆုံးမဲ့ အမှောင်ထုတွေရဲ့ အတွင်းမှာ… တောက်ပလှတဲ့ အလင်းတန်း တစ်ခုဟာ ရုတ်တရက်ပဲ လင်းလက်လာခဲ့ပါတယ်။ ဒီအလင်းတန်းလေးရဲ့ အထဲမှာ ဗုဒ္ဓတစ်ပါးဟာ လေပေါ်မှာ ထိုင်နေခဲ့ပြီး… လက်ကနေလည်း တောက်ပနေတဲ့ သင်္ကေတ တစ်ခုကို ပုံဖော်နေလို့ပါ။

အခုအချိန်မှာတော့ လင်းဖုန်းဟာ ဒီရေမွှေးအိတ်ကို ချုပ်လုပ်ထားတဲ့ အဝတ်စဟာ… မဟာမိုးကြိုး ကျောင်းတော်ကြီးက အဆင့်မြင့် ရဟန်းတစ်ပါးရဲ့ သင်္ကန်းစ ဖြစ်တယ်ဆိုတာကို သိရှိလိုက်ရပါပြီ။

မဟာမိုးကြိုး ကျောင်းတော်ကြီးက အဆင့်မြင့် ရဟန်းတွေရဲ့ သင်္ကန်းတွေဟာ… အများအားဖြစ် ထိပ်တန်း မှော်အိုင်တမ်တွေ ဖြစ်ကြတာပါ။

ဒါပေမဲ့လည်း အခုသူရဲ့ အရှေ့က ပိတ်စလေးဟာ သင်္ကန်းရဲ့ အပိုင်းအစလေး တစ်ခုသာ ဖြစ်နေခဲ့ပြီး… သူ့ရဲ့ မှော်အဆီအနှစ်တွေဟာ ကုန်ခမ်းသွားခဲ့ကာ အရင်က ဂုဏ်ကျက်သရေတွေရဲ့ အစအနလေးသာ ကြွင်းကျန်နေရစ်ခဲ့ပါတယ်။

ဒါပေမဲ့လည်း ဒီမှော်အဆီအနှစ်တွေရဲ့ အကြွင်းအကျန်လေးကတောင် အတော်ကို အစွမ်းထက်နေခဲ့တော့… ဒီသင်္ကန်းဟာ အတော့်ကို အဆင့်မြင့်တဲ့ မှော်အိုင်တမ် ဖြစ်ခဲ့မှာဟာ သေချာနေခဲ့ပါတယ်။

လင်းဖုန်းကလည်း ဒီသင်္ကန်းကို သန့်စင်ခဲ့တဲ့ ဓမ္မတရားရဲ့ အငွေ့အသက်ကို အနည်းငယ် ခံစားနေခဲ့ရတာပါ။

အဆုံးမဲ့ အလင်းတန်း တထာဂတ မန္တန်ဟာ မဟာမိုးကြိုး ကျောင်းတော်ကြီးရဲ့ ကြည်ညိုလေးစားခြင်းကို ခံရတဲ့ ရှေးဟောင်းကျမ်းစာ တစ်ခုပဲ ဖြစ်ပါတယ်။ သူဟာ တထာဂတ မန္တန် ငါးပါးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပြီးမှ… ဉာဏ်အလင်းပွင့်စေတဲ့ လမ်းစဉ်ကို ညွှန်ပြတဲ့ တောက်ပတဲ့ ထိပ်တန်းကျမ်းစာပဲ ဖြစ်တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now