အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!

404 61 0
                                    

အပိုင်း ၁၈၅ : ဘယ်လောက်အထိတောင် ယုတ္တိမတန်လိုက်သလည်း!

ရှောင်ပုတန်လေးက ဒီ'ကောင်းကင်သို့ ခြေကိုးလှမ်း' ဆေးပင်ကို နှုတ်ယူလိုက်ပြီး… သူ့ရဲ့ ဝါးရွက်လိုမျိုး သစ်ရွက်တွေကို သူ့ရဲ့လက်ချောင်းတွေနဲ့ ပွတ်သပ်လိုက်ကာ… ပြုံးဖြီးဖြီးနဲ့… "ဟီးဟီး… ဟိုလူပြောထားတဲ့ အတိုင်းပဲ… ဒါက တကယ်ကို ရှားပါးတဲ့ ရတနာ တစ်ပါးပဲ…"

သူက သူ့ရဲ့ ဘေးပတ်ပတ်လည်ကို မျက်လုံးရွှဲကြီးတွေနဲ့ လျှင်မြန်စွာ ဝေ့ကြည့်လိုက်ပြီး… "ကဲ… မြန်မြန်လစ်မှ ရမယ်ဟ… ဟိုလူက အချိန်မရွေး ပြန်ရောက်လာတော့မှာ…"

ပြီးတာနဲ့… ရှောင်ပုတန်လေးဟာ ခြံဝင်းထဲကနေ ထွက်လာလိုက်ပြီး… လမ်းပေါ်က လူအုပ်တွေရဲ့ အကြားမှာ ပျောက်ကွယ်သွားခဲ့ပါတော့တယ်။

လင်းဖုန်းကလည်း ရှောင်ပုတန်လေးရဲ့ ကျောကို တိတ်ဆိတ်စွာနဲ့ ကြည့်နေခဲ့ပြီး.. မြောင်ရှီးဟောင်ရဲ့ အကြည့်ဟာ သူ့ရဲ့အပေါ်ကို ကျရောက်လာတာကို တွေ့လိုက်တော့… ချောင်းခြောက်တစ်ချက် ဆိုးလိုက်ကာ လည်ချောင်းရှင်းလိုက်ပြီး… "အဟမ်း… တပည့်မကောင်း ဆရာ့ခေါင်းပေါ့ဗျာ…"

မြောင်ရှီးဟောင်ကလည်း ဖြီးနေအောင် ပြုံးလိုက်ပြီး… "ဟင်းဟင်း… မဟုတ်ပါဘူးဗျာ… ကျုပ်ကတော့ ဒီကောင်လေးကို သဘောကျနေပြီဗျာ…"

လင်းဖုန်းကလည်း ခြောက်ကပ်ကပ်နဲ့ ရယ်မောလိုက်ပြီး… ကိုယ့်ကိုယ်ကိုယ်ပဲ တွေးနေခဲ့ပါတယ်… "ကဲ… တပည့်ကျော်လေးရေ… အခြောက်ကြီးကတော့ မင်းကို သဘောကျနေပြီဟေ့။ ဒါကတော့ ကံကောင်းတာလား.. ကံဆိုးတာလား ဆိုတာကိုတော့ ငါလည်း မသိတော့ပါဘူးကွာ…"

"အာ?" ကသိကအောက် ဖြစ်လှစွာ… မြောင်ရှီးဟောင်နဲ့ စကားပြောနေရင်း… လင်းဖုန်းဟာ တစ်စုံတစ်ခုကို သတိရပြီး လှမ်းကြည့်လိုက်တော့… ဒီခြံဝင်းကို ဦးတည်ပြီးတော့ လူတစ်စုဟာ လျှောက်လာနေကြတာကို တွေ့လိုက်ရပါတယ်။ လူအုပ်ကို ဦးဆောင်လာတဲ့လူရဲ့ ယုံကြည်မှု ရှိနေတဲ့ ပုံစံကို ကြည့်လိုက်ပြီး… လင်းဖုန်းဟာ ခြံပိုင်ရှင်က ပြန်လာပြီ ဆိုတာကို သိလိုက်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now