အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း

420 62 1
                                    

အပိုင်း ၁၈၇ : ကြေးမုံ.. ပန်းပွင့်.. ရေပြင်နှင့် လမင်း

"ဒီနေ့ပြီးရင်တော့ ခင်ဗျားက ကျုပ်နာမည်နဲ့ ကျုပ်တို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ မဟာနာမည်ကို… ခင်ဗျားတို့ စူတောင်ဓားဂိုဏ်းထက်ကို ပိုပြီးမှ မှတ်မိသွားပါလိမ့်မယ်…"

လင်းဖုန်းရဲ့ လေသံဟာ အလွန်ကို အရေးမပါလှတဲ့ ကိစ္စတစ်ခုကို ပြောနေသလိုမျိုး… ပေါ့ပေါ့ပါးပါးနဲ့ သာမန်ဆန်လှပါတယ်။

ဒါပေမဲ့လည်း စူတောင်က ကျင့်ကြံသူ လေးယောက်တို့ အနေနဲ့ကတော့… သူတို့ရဲ့ နားထဲကို ဆီပူကြီးနဲ့ လောင်းအထည့်ခံလိုက်ရ သလိုပါပဲ။

ဝဝပုပုနဲ့ အကြီးအကဲက နှာခေါင်းရှုံ့လိုက်ပြီး… "မင်းက နည်းနည်းလေးများ အရှက်မဲ့ရာ မကျလွန်းဘူးလား? ဟင်းလင်းပြင် ဘုရားကျောင်းတောင်မှပဲ စူတောင်ဓားဂိုဏ်းရဲ့ အရှေ့မှာ ဒီလိုမျိုး မကြွားရဲဘူးကွ…"

လင်းဖုန်းကတော့ ပြုံးသာပြုံးလိုက်ပြီး ဘာကိုမှ ဆက်မပြောတော့ပဲ… အဝေးက ကောင်းကင်ဆီကိုသာ ကြည့်နေခဲ့ပါတယ်။

သူ့ရဲ့အနောက်မှာကတော့ မြောင်ရှီးဟောင်ကလည်း သူ့အတိုင်း လိုက်လုပ်နေခဲ့တာပါ… သူရဲ့ မျက်နှာဟာ ပြုံးနေတယ် ထင်ရပေမဲ့… တကယ်တမ်းကျတော့ မပြုံးနေခဲ့ပါဘူး။

အဝေးက ကောင်းကင်ယံပေါ်မှာ တိမ်တိုက်တွေဟာ ရုတ်တရက် ကွဲသွားခဲ့ပြီး… အားလုံးကို အရိုးထိအောင် အေးစိမ့်သွားစေခဲ့တဲ့ လေပြင်းတစ်ချက်က တိုက်ခတ်လာခဲ့ပါတယ်။

စစ်တပ်လေး တစ်တပ်ကို သယ်ဆောင်ထားခဲ့တဲ့ အပြာရောင် ရေခဲတိမ်တိုက် တစ်ခုဟာ… ကောင်းကင်ယံပေါ်ကနေ ဆင်းသက်လာခဲ့ပြီး လင်းဖုန်းရဲ့ အရှေ့ကို ရောက်လာခဲ့ပါပြီ။

အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားကြတဲ့ အခြံအရံတွေကတော့… လင်းဖုန်းနဲ့ ယွဲ့ဟုန်ယန်တို့နဲ့ ပဋိပက္ခ ဖြစ်ထားခဲ့ကြတဲ့… ကြက်သွေးရောင် မြူခိုးဂိုဏ်းက ကျင့်ကြံသူ တစ်အုပ်စုပဲ ဖြစ်ကြပါတယ်။

အခြံအရံတွေရဲ့ အလယ်မှာ ရပ်နေတဲ့ သူကတော့ အနီရောင် ဝတ်စုံကို ဝတ်ဆင်ထားတဲ့ လူငယ်တစ်ယောက် ဖြစ်ပြီး… ယွဲ့ဟုန်ယန်ကို အငြိုးကြီးစွာနဲ့ စိုက်ကြည့်နေခဲ့တာပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now