အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း

380 61 0
                                    

အပိုင်း ၁၈၉ : အစီအစဉ်ကို စင်းလုံးချောဖြစ်အောင် ကြံစည်ခြင်း

"မင်းကများ မပြောခဲ့ရင်… ဒီလိုမျိုး သရုပ်ဆောင်ကောင်းတွေကို ဘယ်လက်လွတ်ချင်ပါ့မလည်း…"

လင်းဖုန်းက ပြုံးလိုက်ပြီး သူ့ရဲ့လက်ကို မြှောက်လိုက်ကာ… ကောင်းကင်ကမ္ဘာငယ်တွေကို ရုပ်သိမ်းလိုက်ပါတယ်။ သူက တည်ငြိမ်စွာနဲ့… "စူတောင်က သူ့ရဲ့ တပည့်တွေ ထင်ရာစိုင်းနေတာကို အပြစ်မယူပဲ လျှစ်လျှူရှုထားရင်တော့… ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ်ကနေ လျှောကျသွားတော့မှာပဲ…"

ယန်တုန်ဟွေဟာ လင်းဖုန်းရဲ့ စကားတွေရဲ့ အနောက်က အဓိပ္ပာယ်တွေကို ကောင်းစွာ ရိပ်စားနိုင်မိခဲ့ပါတယ်။

သူက စူတောင်ကို ကောင်းကင်ကိုးလွှာ ဓားမဟာမိတ် အဖွဲ့ရဲ့ ခေါင်းဆောင်လို့သာ ပြောခဲ့ပြီး… မြင့်မြတ်နယ်မြေ သုံးခုထဲက တစ်ခုလို့ မပြောခဲ့ပါဘူး။

"စိမ်းလန်းစိုပြေတဲ့ သစ်ရွက်တွေနဲ့ ပြည့်နေတဲ့ သစ်ပင်တစ်ပင်မှာလည်း… သစ်ကိုင်းသစ်ရွက်ခြောက် တစ်ချို့က ရှိမှာပဲ။ သူတို့ရဲ့ စီနီယာတွေက သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် ဒီလိုမျိုး လုပ်ရပ်တွေကို ခွင့်ပြုကြမှာ မဟုတ်ပါဘူး…" ယန်တုန်ဟွေကလည်း သူ့ရဲ့အောက်က စူတောင်ရဲ့ အကြီးအကဲတွေကို လှမ်းကြည့်နေရင်းနဲ့ ရယ်ပြီးမှ ပြောလိုက်ပါတယ်။

စူတောင်က အကြီးအကဲတွေဟာ ရှောင်ပုတန်လေးရဲ့ လက်သံပြောင်ပြောင်နဲ့ ဆော်တာကို ခံလိုက်ရတော့… ရုပ်ပျက်ဆင်းပျက် ဖြစ်နေခဲ့ပါတယ်။ ဟိတ်ဟန်အများဆုံးနဲ့ ခေါင်းအမာဆုံး ဖြစ်တဲ့… ဝဝပုပုနဲ့ အကြီးအကဲ တောင်မှပဲ စိစိညက်ညက် ကြေနေခဲ့ပါပြီ။

သူတို့ဟာ ယန်တုန်ဟွေကို တွေ့လိုက်တော့... အခြေတည်ဝိညာဉ် အဆင့်က ဂရန်းမာစတာ တစ်ယောက်ကို သူတို့ဂိုဏ်းရဲ့ အရှိန်အဝါသုံးပြီးမှ မခြိန်းခြောက်ချင်ခဲ့တာကြောင့်… ဘာကိုမှ မပြောခဲ့ပါဘူး။

လင်းဖုန်းက ခေါင်းညိတ်လိုက်ပြီး ယန်တုန်ဟိုင်ကို ကြည့်လိုက်ကာ… "အခုတော့ ဒီကိစ္စက ပြီးသွားပြီဆိုတော့… ကျုပ်ကလည်း သွားတော့မယ်ဗျ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now