အပိုင်း ၁၉၀ : နေရာယူကြမယ်!

389 58 0
                                    

အပိုင်း ၁၉၀ : နေရာယူကြမယ်!

"ရှင်ကတော်တော် ဆိုးတဲ့သူပဲ!" ထွမ်းထွမ်းဟာ ဒေါသထွက်လှစွာနဲ့ အော်ဟစ်လိုက်ပါတယ်။

လင်းဖုန်းကတော့ သူ့ရဲ့ ပါးစပ်တွေကို ပိတ်ထားခဲ့ပြီး… တွေးနေခဲ့ပါတယ်… "အနည်းဆုံးတော့… မင်းလိုမျိုး ကိုယ်ကြိုက်နေတဲ့သူကို တိုက်ခိုက်ပြီး… အဓမ္မကျင့်ဖို့ပဲ တွေးနေတဲ့ သူထက်စာရင်တော့ ကောင်းပါသေးတယ်ကွာ…"

ဒါပေမဲ့လည်း သူဟာ ဒီအကြောင်းကို အချိန်အကုန်ခံပြီး ဆွေးနွေးဖို့ ဆန္ဒမရှိတဲ့အတွက်… ထွမ်းထွမ်းကို ပြုံးကာကြည့်လိုက်ပြီး… "ကဲ… ဒါဆို မင်းက မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို မလိုချင်တော့ဘူးလား?"

  ထွမ်းထွမ်းဟာ သူမရဲ့ တံတွေးတွေကို မျိုချလိုက်ပြီး တောင့်တနေတဲ့ လေသံမျိုးနဲ့… "ရှင်က ကျွန်မကို ပေးမှာမို့လို့လား?"

"ဒါပေါ့…" လင်းဖုန်းဟာ ကြက်ကို ခိုးယူတော့မယ့် မြေခွေးတစ်ကောင်လိုမျိုး ပြုံးလိုက်ပြီး… "ငါက မင်းကို မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ပေးရုံတင် မကပဲ… မင်းကို နဂိုစွမ်းအင်ကို ပြန်ရစေနိုင်တဲ့ ရုပ်ကိုယ်ခန္ဓာ တစ်ခုကိုလည်း ပေးဦးမှာ…"

ထွမ်းထွမ်းဟာ မှင်သက်သွားခဲ့ပြီး… လင်းဖုန်းကို သတိကြီးစွာနဲ့ စိုက်ကြည့်လိုက်ကာ… "ရှင်က ဘာလိုချင်နေတာလည်း?"

လင်းဖုန်းကလည်း ပြုံးလိုက်ပြီး… "ဘာမှ မလိုပါဘူး! ငါကမင်းကို မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို မပေးဘူးလို့ ဘယ်တုံးကမှ မပြောခဲ့ဖူးပါဘူး… ဟုတ်တယ်မို့လား?"

သူက သူမကို ဒီမီးတောက်ကို မပေးဘူးလို့ မပြောခဲ့ဖူးပါဘူး… နောက်ဆုံးတစ်ခေါက်က ဒီအကြောင်းကို ဆွေးနွေးခဲ့တုံးက… သူဟာ စကားတစ်ခွန်းမှ မပြောပဲ နောက်လှည့်ထွက်သွားခဲ့တာပါ။

ထွမ်းထွမ်းကလည်း ဒီအကြောင်းကို ပြန်လည်တွေးတောနေခဲ့ပြီး… လင်းဖုန်းကို သံသယ ဖြစ်လှစွာနဲ့ စိုက်ကြည့်နေခဲ့ပါတယ်။ လင်းဖုန်းကတော့ သူမကို ပြုံးပြီးတော့ ကြည့်နေခဲ့ပြီး… "ငါ့မှာရှိတဲ့ မဟာသူရိယ အကြွင်းမဲ့ မီးတောက် မျိုးစေ့လေးက အနည်းငယ် ပြောင်းလဲသွားခဲ့ပြီ။ သူ့မှာက အကန့်အသတ်ရှိပြီး… မင်းကိုပေးလိုက်ရင်လည်း သိပ်ပြီးတော့ အသုံးဝင်လှမှာ မဟုတ်ဘူး…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now