အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ

388 55 0
                                    

အပိုင်း ၁၉၄ : ချစ်ကြည်ရေး မီးလျှံ

နိုင်ငံတို့၏ စာအုပ်ပြီးတော့ နောက်ထပ် လေလံတင်တာက အနက်ရောင် တံဆိပ်လေး တစ်ခုပါ။

စွန်းဖူဟာ ဒီအနက်ရောင် တံဆိပ်လေးကို သူ့ရဲ့လက်ထဲမှာ ဆုပ်ကိုင်ထားခဲ့ပြီး ဖြေးဖြေးချင်းပဲ… "ဒီမှော်အိုင်တမ်လေးကို ပိတ်ဆို့ခြင်း တံဆိပ်လို့ခေါ်ပြီး… သူ့ကို မှော်စွမ်းအင်တွေကို အသုံးမပြုခင်မှာ သိမ်းဆည်းထားနိုင်ပြီး… နောက်ပိုင်းမှာ အသုံးပြုသူဆီကို ထည့်သွင်းပေးနိုင်ပါတယ်။ ဒီတံဆိပ်ထဲမှာ သိမ်းဆည်းထားတဲ့ မှော်စွမ်းအင်တွေဟာ ဒီဖြစ်စဉ်မှာ ဆုံးရှုံးသွားခြင်းမျိုး ရှိမှာ မဟုတ်ပါဘူး…"

"တစ်ယောက်ဟာ ဒီတံဆိပ်ထဲက မှော်စွမ်းအင်တွေကို အသုတ်လိုက်… ဒါမှမဟုတ် တစ်ပြိုင်နက်တည်း ထုတ်ယူနိုင်ပါတယ်… " စွန်းဖူက ခဏရပ်လိုက်ပြီးမှ… "ကျွန်တော့်ရဲ့ ကိုယ်ပိုင်စမ်းသပ်ချက် အရ… ဒီမှော်အိုင်တမ်ထဲမှာ သိမ်းဆည်းထားနိုင်တဲ့ မှော်စွမ်းအင် ပမာဏဟာ… အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ မှော်စွမ်းအင်တွေကို… သုညကနေ ပြည့်တဲ့အထိကို ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိပါတယ်။

တော်ဝင်ဂေဟာထဲက ပရိတ်သတ်တွေကလည်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်ပါတယ်။

အတွေးစပေါင်း များစွာတို့ဟာ ရောထွေးရစ်လိမ် သွားကြပါတယ်… အထူးသဖြင့်က အခြေတည်ဝိညာဉ် အဆင့်က အကြီးအကဲတွေပါ။ နောက်ဆုံးမှာတော့ သူတို့ကြိုက်နှစ်သက်တဲ့ အရာတစ်ခုကို တွေ့ရှိလိုက်ရပါပြီ။

ကျယ်ပြန့်လှတဲ့ ကမ္ဘာကြီးမှာ မှော်စွမ်းအင်တွေကို ပြန်လည်ထုတ်လုပ်ပေးနိုင်တဲ့ ဆေးပင်တွေနဲ့ ဆေးလုံးတွေက ပေါများလှပါတယ်… ကွာခြားသွားတာက သူတို့အကျိုးသက်ရောက်မှုရဲ့ စွမ်းအားတွေပါ။

သာမန် အခြေအနေအောက်မှာ… ပုံမှန်အားဖြင့် ဆိုရင်တော့ မှော်စွမ်းအင်ကို ပြန်လည် ထုတ်လုပ်နိုင်တဲ့ အကောင်းဆုံးသော အိုင်တမ်ဟာ… စကြာဝဠာ ကောင်းကင်ဆေးလုံးပဲ ဖြစ်ပါတယ်။ ဒီဆေးလုံးရဲ့ အစွမ်းထက်မှုဟာ အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူ တစ်ယောက်ရဲ့ မှော်စွမ်းအင်တွေကို… ကုန်ခမ်းနေရာကနေ ချက်ချင်းဆိုသလိုပဲ ဖြည့်တင်းပေးနိုင်တာပဲ ဖြစ်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now