အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ

404 62 2
                                    

အပိုင်း ၁၉၆ : ပိုက်ဆံရေရတာ အတော့်ကို ခက်ခဲတာပဲ

လင်းဖုန်းဟာ ထိုင်ခုံပေါ်မှာ ထိုင်နေရင်းနဲ့ ဟင်းလင်ပြင် ဂူထဲက ဆွေးနွေးနေကြတဲ့ အသံတွေကို နားထောင်နေရင်း… ပျော်ရွှင်စွာနဲ့ စနစ်ကြီးကို စစ်ဆေးကြည့်လိုက်တော့… ခွန်းလွန်တောင်ခြေ မြောက်ပိုင်းက သူ့ရဲ့ ရေပန်းစားမှု တန်ဖိုးဟာ ၇၅ကနေ ၈၅ကို တက်သွားခဲ့တာကို တွေ့လိုက်ရပါတယ်။

စနစ်ကြီးရဲ့ ဖော်ပြချက် အရဆိုရင်… သူ့ရဲ့ ရေပန်းစားမှုဟာ ၈၀ကို ရောက်သွားတာနဲ့… သူဟာ အလားအလာ တန်ဖိုး ၂၄နဲ့ အထက်က ပါရမီရှင် တပည့်တွေကို ဆွဲဆောင်နိုင်မှာပဲ ဖြစ်ပါတယ်။

စနစ်ကြီးရဲ့ အဓိက မစ်ရှင်ဟာ လင်းဖုန်းကို အလားအလာ တန်ဖိုး ၂၅နဲ့ အထက်က တပည့်သုံးဆယ်ကို လက်ခံဖို့ပဲ ဖြစ်ပါတယ်။ အခုဆိုရင် သူဟာ လိုအပ်တဲ့ ရေပန်းစားမှု တန်ဖိုးကို ရရှိခဲ့ပြီ ဖြစ်တော့… သူက တပည့်အသစ်တွေကို လက်ခံမယ်ဆိုပြီး ကြေငြာလိုက်ရင်… စိတ်ဝင်စားတဲ့သူတွေ အများကြီး ရှိလာတော့မှာပဲ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီသတင်းကို ဘယ်အချိန်မှာ စဖြန့်ရမလည်း.. ဘယ်လို ဖြန့်ရမလည်းနဲ့ ဘယ်လို စီစဉ်ရမလည်း ဆိုတာကိုတော့ မသေချာသေးပဲ… အချိန်ယူကာ သုံးသပ်ရဦးမှာ ဖြစ်ပါတယ်။

"ရှကျိုးမှာ တပည့်သစ်တွေကို စုဆောင်းပြီး… သူတို့ကို နောက်မှ တောင်ပေါ်ကို ခေါ်သွားတာက အလွယ်ကူဆုံး နည်းလမ်းဖြစ်မှာပဲ။ ခွန်းလွန်တောင်ဟာ ခရီးလမ်း ကြမ်းတမ်းပြီး… တာအိုဝါဒကို ကောင်းကောင်း မလေ့ကျင့်ရသေးတဲ့ ကလေးတွေဟာ… လင်းယွင်တောင်ထိပ်ကို လာဖို့ဆိုတာ ခက်ခဲမှာပဲ…"

"တပည့်တွေကို ရှကျိုးမှာပဲ တိုက်ရိုက်လက်ခံမယ် ဆိုရင်… ငါ့အတွက်တော့ ပိုပြီးမှ အဆင်ပြေမှာပဲ။ ဒါပေမဲ့လည်း ငါ့ရဲ့ ရန်သူတွေက အနှောင့်အယှက် ပေးဖို့လည်း ပိုပြီးတော့ လွယ်သွားမှာပဲကွ…" လင်းဖုန်းက စဉ်းစားနေရင်း… "အာ! အကြံရပြီကွ… ဒါပေမဲ့လည်း အောင်မြင်ဖို့ဆိုရင်… အခြေအနေ တစ်ချို့ကို လိုအပ်နေသေးတယ်…"

ရွှေကျားကိုယ်ပွားဟာ လေလံပွဲရဲ့ နောက်ဆုံးအိုင်တမ် ဖြစ်တာမို့… ရွှေကျားကိုယ်ပွားကို ရောင်းပြီးသွားတာနဲ့ လေလံပွဲဟာ ပြီးဆုံးပြီလို့ ကြေငြာလိုက်ပါတယ်။ ဒါပေမဲ့လည်း ဟန်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေးဟာ ပြီးသွားပြီလို့ မဆိုလိုပါဘူး။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now