(၃၆)ဇာတ်သိမ်းပိုင်း Z/U
1.2K 65 12
Zawgyi
_______
ညီလာခံခမ်းမတစ်ခုလုံးတိတ်ဆိတ်နေပြီးဘယ်သူမှအသံမထွက်ရကြ။အထူးသဖြင့် အမတ်လီနဲ့ ပတ်သတ်နေတဲ့လူတွေ...
ညီလာခံခမ်းမရဲ့အမြင့်တစ်နေရာကပလ္လင်ပေါ်မှာတော့အနက်ရောင်ဝတ်ရုံပေါ်ရွှေရောင်နဂါးပုံထိုးထားသည့်ဝတ်ရုံကိုဝတ်ဆင်ထားသည့်ရှဲ့ဟန်သူ့  ရဲ့နဘေးမှာတော့အေးဆေးတည်ငြိမ်စွာထိုင်နေတဲ့ ကြင်ယာတော် ရှောင်းဟုန်
ဧကရာဇ်နဲ့ပုံစံတူဝတ်ရုံကိုဝတ်ဆင်ထားပြီးအရောင်သာကွဲနေခဲ့တယ်။လှပတဲ့ကြင်ယာတော်က အဖြူရောင်ဝတ်ရုံနဲ့လိုက်ဖက်နေခဲ့တယ်။ဧကရာဇ်ကိုယ်တိုင်ပန်ဆင်ပေးထားတဲ့ ဇာမဏီငှက်ပုံဆံထိုးလေးဟာလည်း သူ့ရဲ့ဆံပင်ရှည်ပေါ်ဝံ့ကြွားစွာရှိနေခဲ့တယ်။
“ကိုယ်တော့်ကိုပြောစရာစကားမရှိကြဘူးလား!!”
တိတ်ဆိတ်နေတဲ့ ညီလာခံခန်းမတစ်ခုလုံးကိုဝေ့ကြည့်လိုက်ကာ
“ကိုယ်တော်ဘာပြောချင်လဲဆိုတာအားလုံးလဲသိကြမယ်ထင်တယ် ”
အားလုံးဟာတိတ်ဆိတ်နေဆဲပင်
“ကိုယ်တော်ကဒီခန်းမထဲကတစ်ယောက်ချင်းဆီရဲ့အပြစ်တွေကိုသိနေတယ် ပြီးတော့ကိုယ်တော်အားလုံးကိုအပြစ်တစ်ခုဆီပေးမလို့ပဲ ”
အားလုံးကမျက်နှာပျက်နေကြပြီးလှုပ်လှုပ်ရှားရှားဖြစ်ကုန်ကြတယ်။
“ဒါပေမဲ့ကိုယ်တော်အခုစိတ်ပြောင်းသွားပြီဒါကြောင့် ကိုယ်တော်အားလုံး ရဲ့အပြစ်ကိုခွင့်လွှတ်ပေးမယ်”
“ဒါပေမဲ့ ကိုယ့်အပြစ်တွေတော့ကိုယ်သိကြတယ်မှတ်လား
အဲ့အိမ်တော်တွေတစ်နှစ်တာအခွန်ကိုခါတိုင်းပေးဆောင်နေကြနေတာထက်၁၀ဆပေးဆောင်ရမယ်
၁၀ဆ ဒါဟာတကယ်များတဲ့ ပမာဏပဲ
ဒါပေမဲ့အားလုံးဟာဘာမှပြန်မပြောရဲကြအရှင်ကနာမည်တပ်ပြီးမဖော်ထုတ်တာကိုပင်တော်သေးတယ်မှတ်ယူရမယ်
“ပြီးတော့ ကိုယ်တော်ကြင်ယာတော်ရှောင်းဟုန်ကိုအရင်ရာထူးအတိုင်းဆက်ရှိစေမယ် ကြင်ယာတော်အနေနဲ့ပဲထားတာသူကကိုယ်တော့်ကိုတောင်းဆို ထားလို့ပါ ကိုယ်တော့်သဘောအတိုင်းဆိုသူ့ကိုမိဖုရားခေါင်ကြီးအဖြစ်တင်မြှောက် လိုက်ပြီထားပါ ရှောင်းကျန့်  ! သားတော် ...”
🎉 You've finished reading ငါ့ခင်ပွန်းကဆိုးသွမ်းတဲ့ဧကရာဇ်ဖြစ်နေတယ်(ငါ့ခင်ပွန်းကဆိုးသွမ်းတဲ့ဧကရာဇ်ဖြစ်နေတယ်) 🎉