အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ

398 52 0
                                    

အပိုင်း ၂၀၀ : မဟာကောင်းကင် နေမင်းရောင်စဉ် ကျမ်းစာ

လင်းဖုန်းဟာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ရဲ့ စွမ်းအား နယ်နိမိတ်တွေကို ငြိမ်သက်စွာနဲ့ပဲ စူးစမ်းလေ့လာ နေခဲ့ပါတယ်။ ကောင်းကင်မှာ နေကိုးစင်းက လင်းလက်နေခဲ့တဲ့အတိုင်း… ကြီးမားကျယ်ပြန့်လှကာ အရာအားလုံးကို လွှမ်းခြုံထားနိုင်ခဲ့ပြီး နတ်ဆိုးလိုမျိုး ဆိုးဝါးလှပါတယ်။

ကောင်းကင်နဲ့ မြေကြီးပေါ်က အတောက်ပဆုံးနဲ့ အသန်စွမ်းဆုံးဆိုတဲ့ မီးတောက်တွေဟာ… အခု သူခံစားနေရတဲ့ စွမ်းအားနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်တော့ သလိုပါပဲ။

ဒါဟာ ဒီလောကပေါ်က ညစ်ညမ်းတဲ့ အရာအားလုံးရဲ့ ကြောက်ရွံ့ရတဲ့ အရာပဲ ဖြစ်ပါတယ်။ သူဟာ သူတို့ကို ထိတွေ့စရာတောင် မလိုပါဘူး… သူရှိနေရုံနဲ့ပဲ ပတ်ဝန်းကျင်က ယန်စွမ်းအားတွေကို စုစည်းလိုက်ကာ… ညစ်ညမ်းတဲ့ အရာအားလုံးကို အငွေ့ပျံစေခဲ့မှာပဲ ဖြစ်ပါတယ်။

လင်းဖုန်းမှာက မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ထိန်းချုပ်တဲ့ တာအိုနည်းစနစ်တွေ မရှိတာကြောင့်… သူဟာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်တွေ အမြောက်အမြားကို ထုတ်လုပ်နိုင်ခဲ့ပေမဲ့… သူဟာ သူတို့ကို ထိန်းချုပ်ဖို့ မတတ်နိုင်ခဲ့ပါဘူး။

သာမန်ရန်သူတွေကို အနိုင်ယူဖို့ မခက်ခဲပေမဲ့… မဟာသူရိယ အကြွင်းမဲ့ မီးတောက်ကို ကျင့်ကြံထားတဲ့ ရန်သူတွေနဲ့ တွေ့ခဲ့ရင်တော့… သူဟာ အသာစီးရဖို့ ခက်ခဲမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့်မို့ပဲ ရှီဟော်မြက်ပင်ကို ပိုင်ဆိုင်ထားခဲ့ပေမဲ့… လင်းဖုန်းဟာ မဟာသူရိယ အကြွင်းမဲ့ မီးတောက်ရဲ့ မီးစွမ်းအားကို အရမ်းကာရော မြှင့်တင်ခြင်းမျိုး မလုပ်ခဲ့ပဲ… သူ့ကို ပိုပြီးနားလည်အောင်လို့ အရင်ကြိုးစားနေခဲ့တာပါ။

"ဒီမဟာသူရိယ အကြွင်းမဲ့ မီးတောက်ဟာ ယင်ဓာတ်အားလုံးကို ဖျက်စီးနိုင်တဲ့အတွက်… အဖိုဓာတ် ယန်စွမ်းအင်တွေရဲ့ အထွတ်အထိပ်ပဲ ဖြစ်တာပဲ။ ဒါပေမဲ့လည်း နေမင်းအတိုင်းပဲ သူဟာ အာဟာရဓာတ်တွေ ပေးနိုင်တဲ့ အစွမ်းသတ္တိလည်း ရှိနေပြီး… သူ့ဆီမှာ အပင်တွေရဲ့ ကြီးထွားမှုနှုန်းကို မြန်ဆန်စေနိုင်တာပဲ…" လင်းဖုန်းကလည်း ကိုယ့်ကိုယ်ကိုယ် စဉ်းစားနေခဲ့ပါတယ်။ "မီးတောက် တစ်မျိုးတည်းမှာ… ဖျက်ဆီးနိုင်တဲ့ စွမ်းအားရော ဖန်တီးနိုင်တဲ့ စွမ်းအားကိုပါ ပိုင်ဆိုင်ထားတယ် ဆိုတော့… သူက တော်တော့်ကို ထူးခြားတာပဲ…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now