အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်... ဆရာက ဘယ်လိုများလည်း?"

431 59 0
                                    

အပိုင်း ၂၀၂ : တပည့်ကသာ ဒီလိုဆိုရင်… ဆရာက ဘယ်လိုများလည်း?"

ယန်ချင်ကတော့ သူ့ရဲ့ ခေါင်းစကနေ ခြေဆုံးအထိ တစ်ကိုယ်လုံးဟာ… အလွန်အမင်းကို အေးစိမ့်နေတယ်လို့ ခံစားနေရပါတယ်။ သူဟာ ရေခဲဂူ တစ်ခုရဲ့ အထဲကို ပြုတ်ကျသွားခဲ့ သလိုပါပဲ။ သူဟာ ထိန်းမနိုင် သိမ်းမရပဲ တုန်ခါနေခဲ့ပါတယ်။

ဒါပေမဲ့လည်း သူဟာ အခု သူခံစားနေရတဲ့ အေးစိမ့်မှုတွေဟာ… သူပုံမှန် ခံစားနေရတဲ့ အအေးဓာတ်တွေနဲ့ မတူဘူးလို့… ရင်ထဲကနေ သိနေခဲ့ပါတယ်။

ဒါကတော့ သူ့ရဲ့ စိတ်ဝိညာဉ်ထဲက အအေးဓာတ်ဖြစ်ပြီး… အပြင်က အပူချိန် ပြောင်းလဲမှုတွေနဲ့ မသက်ဆိုင်ပါဘူး။ သူ့ရဲ့ စိတ်ဝိညာဉ်ဟာ မတည်မငြိမ် ဖြစ်နေခဲ့ပြီး… အချိန်မရွေး ပြိုကွဲသွားနိုင်ခဲ့ကာ ဒါက ဒီအအေးဓာတ်ကို ဖြစ်ပေါ်စေခဲ့တာပါ။

"ဒါဟာ ငါက မှော်စွမ်းအင်တွေကို အလွန်အကျွံ အသုံးချလိုက်လို့… ငါ့ရဲ့ စိတ်ဝိညာဉ်က ထိခိုက်သွားခဲ့တာလား?" ယန်ချင်ဟာ သူ့ရဲ့ အသိစိတ်ဟာ တဖြေးဖြေးနဲ့ ဝေဝါးလာခဲ့တာကို ခံစားနေခဲ့ရပါတယ်။ ဒီအချိန်အထိ တောင့်ခံထားနိုင်တာဟာ… သူ့ရဲ့ နှလုံးသားထဲက အသက်တစ်ချက် ကြောင့်သာပဲ ဖြစ်ပါတယ်။

လေနတ်ဘုရားဂိုဏ်းရဲ့ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ဖြစ်တဲ့ မာရှီဟာ… အဝေးကနေ ရပ်နေခဲ့ပြီး တုန်တုန်ရီရီ ဖြစ်နေတဲ့ ယန်ချင်ကို ကြည့်ကာ ရယ်မောနေခဲ့ပါတယ်။

"အစကတော့ ငါကမင်းကို အံ့ဖွယ်ကောင်းကင်ဘုံ ဂိုဏ်းခေါင်းဆောင်ရဲ့ သတင်းကို စစ်ဆေးမေးမြန်းမလို့ပဲ။ မင်းရဲ့ ခန္ဓာကိုယ်မှာ အကြွင်းမဲ့ရေ ခြောက်ပါးထဲမှာ အစွမ်းအထက်ဆုံး ဖြစ်တဲ့… မဟာလမင်း အကြွင်းမဲ့ရေ ရှိနေမှန်း မသိခဲ့ဘူး…" မာကျိက ရယ်လိုက်ပြီး… "ဒီလိုမျိုး ပစ္စည်းဟာ မင်းရဲ့ လက်ထဲကို ကျရောက်သွားခဲ့တာက… သူ့ရဲ့စွမ်းအားတွေကို အလွဲသုံးစား လုပ်သလိုမျိုး ဖြစ်နေမှာပေါ့။ ငါ့ကိုသာ လက်ဆင့်ကမ်းပေးလိုက်ပါတော့ကွာ!"

သူ့ဂိုဏ်းသားတွေရဲ့ အနောက်မှာသာ နေနေခဲ့တဲ့ မာကျိဟာ… ချက်ချင်း ဆိုသလိုပဲ သူ့ရဲ့လက်ကို ဝေ့ယမ်းလိုက်ကာ ယန်ချင်ဆီကို လေမုန်တိုင်းအလား ခုန်အုပ်လိုက်ပါတော့တယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now