အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ

405 54 0
                                    

အပိုင်း ၂၀၃ : တစ်ခုကလွဲလို့ အရာအားလုံးကို အသင့်ပြင်ပြီးပြီ

မာကျိနဲ့ တိုက်ပွဲဟာ မတိုးသာ မဆုတ်သာ အခြေအနေကို ရောက်နေတဲ့ အချိန်မှာ… ဝမ်လင်းဟာ နည်းဗျူဟာတွေကို စဉ်းစားနေခဲ့ပါတယ်… "ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကို သတ်ဖို့တော့ အတော်ကို ခက်တာပဲ။ ငါက စိတ်ဝိညာဉ် တာဝါကို ထူထောင်နိုင်မှသာ နိုင်ဖို့ အခွင့်အရေး ပိုများမှာပဲ…"

လေနတ်ဘုရားဂိုဏ်းက ကျင့်ကြံသူ တစ်ယောက်နဲ့ တိုက်ခိုက်မှု အပြီးမှာ… ဝမ်လင်းဟာ သူ့စွမ်းအားတွေကို နားလည်မှု ပိုတိုးလာခဲ့ပါတယ်။

"ဒီအဆင့်မှာ… ငါ့ရဲ့ ဂိုဏ်းတူ ညီအစ်ကိုတွေကလွဲလို့ ငါကိုဘယ်သူမှ အနိုင်မယူနိုင်ဘူး…"

လေနတ်ဘုရားဂိုဏ်းဟာ ခွန်းလွန်တောင်မှာ အင်အားအကြီးဆုံး ဂိုဏ်းတစ်ဂိုဏ်းပဲ ဖြစ်ပါတယ်။

သူဟာ မြင့်မြတ်နယ်မြေ သုံးခုကို မယှဉ်နိုင်ပေမဲ့… မီးလျှံဓားဂိုဏ်းနဲ့ အလင်းဓားမြန်ဂိုဏ်းထက်ကို ပိုပြီးမှ အဆင့်မြင့်ပါတယ်။

သူတို့ရဲ့ လေနတ်ဘုရား ဒြပ်မဲ့ မှော်ကျိန်စာဟာ ထူးခြားတဲ့ ဝိသေသ လက္ခဏာတွေ ရှိပြီး… မဟာအကြွင်းမဲ့ လေလေးပါးထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့… ကောင်းကင်ကိုးလွှာ ဒြပ်မဲ့မုန်တိုင်းကို ကျင့်ကြံနိုင်တာပါ။ သူ့ရဲ့ တိုက်ခိုက်နိုင်မှု စွမ်းအားကလည်း အတော့်ကို အားကောင်းလှပါတယ်။

ဒါပေမဲ့လည်း ဝမ်လင်းနဲ့ ရင်ဆိုင်လိုက်ရတော့… လေနတ်ဘုရားဂိုဏ်းက အခြေခံအုတ်မြစ် အဆင့် ကျင့်ကြံသူတွေဟာ သူ့ကို ပြန်ပြီး တိုက်ခိုက်နိုင်စွမ်း မရှိကြပါဘူး။

ရွှေရောင်ဗဟိုချက် အဆင့်က မာကျိနဲ့ ရင်ဆိုင်ခဲ့တဲ့ အချိန်မှာလည်း… ဝမ်လင်းဟာ သူ့ကို တိုက်ခိုက်ဖို့အတွက် ကိုယ်ပိုင် နည်းလမ်းတွေ ရှိနေပါတယ်။ ဟေးဒီးစ်နတ်လက်ချောင်းရဲ့ ဖျက်ဆီးခြင်း အဆင့်ကို အသုံးပြုလိုက်တော့… ဝမ်လင်းဟာ သူ့ပြိုင်ဘက်ရဲ့ စွမ်းအားတွေကို ခြိမ်းခြောက်နိုင်ခဲ့တာပါ။ ဝင်ရိုးစွန်းနှစ်ဘက် စက်ဝိုင်းရဲ့ ကာကွယ်မှုအောက်ကနေ… ဝမ်လင်းဟာ မာကျိကို ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now