အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂

378 57 1
                                    

အပိုင်း ၂၀၄ : မဟာကောင်းကင် တာအိုကျမ်းစာ အခန်း၂

ယွဲ့ဟုန်ယန်ရဲ့ ပင်ကိုစွမ်းရည် အလားအလာ တန်ဖိုးတို့ဟာ အောက်ပါအတိုင်း ဖြစ်ကြတာပါ… အရိုးအရင်းမြစ် -> ၈… သဘောပေါက် နားလည်နိုင်စွမ်း -> ၈… စိတ်စွမ်းအား -> ၇… ကောင်းချီးမင်္ဂလာ -> ၇။

အရိုးအရင်းမြစ်ရော သဘောပေါက် နားလည်နိုင်စွမ်းပါ ၈မှတ်ရခဲ့ပြီး… ဒါကလည်း တွေ့ဖို့ အမတန် ခက်ခဲတာပါ။ ဒါပေမဲ့လည်း သူမဟာ ပထမဆုံး စိတ်ဝိညာဉ် တာဝါကို ထူထောင်တုံးက… လင်းဖုန်းရဲ့ မဟူရာကောင်းကင် ရတနာသစ်ပင်က သစ်ရွက်ရဲ့ အကူအညီကိုသာ မရခဲ့ရင်… သူမဟာ ဒုတိယအဆင့် စိတ်ဝိညာဉ် တာဝါကိုသာ ထူထောင်နိုင်မှာပဲ ဖြစ်ပါတယ်။

လင်းဖုန်းရဲ့ အကူအညီနဲ့တောင်မှ.. သူမရဲ့ ပထမအဆင့် စိတ်ဝိညာဉ် တာဝါကို စွန့်စားပြီးမှ ရခဲ့တာပါ။

အခုတော့ ယန်ချင်ရဲ့ ပထမအဆင့် စိတ်ဝိညာဉ် တာဝါကို ထူထောင်တာဟာ သိပ်ပြီးတော့ ခက်ခဲနေတဲ့ပုံ မပေါ်ပါဘူး။ အနည်းဆုံးတော့ လင်းဖုန်း ခန့်မှန်းထားတာထက်ကို ပိုလွယ်နေခဲ့ပါတယ်… သူက သံသယစိတ်တွေ ဝင်လာတဲ့ အထိပါပဲ။ ဘယ်အချိန်ကစပြီး ပထမအဆင့် စိတ်ဝိညာဉ် တာဝါကို ထူထောင်ဖို့က ဒီလောက်အထိ လွယ်သွားရတာလည်း?

ဟင်းလင်းပြင် ဘုရားကျောင်းရဲ့ ပါရမီရှင်တွေကို စုဆောင်းတဲ့ အဖွဲ့အထဲမှာတောင်… ကျင့်ကြံသူတိုင်းက ပထမအဆင့် စိတ်ဝိညာဉ် တာဝါကို ထူထောင်နိုင်ကြတာ မဟုတ်ပါဘူး။

ယန်ချင်က ကျင့်ကြံနေခဲ့တဲ့ တာအိုနည်းစနစ်တွေဟာ သူ့ရဲ့ တိမ်တိုက်ရေပြင်ဆိုတဲ့ ဂိုဏ်းသေးသေးလေးရဲ့ အာပလာ နည်းစနစ်တွေ မဟုတ်တော့တာကတော့ မှန်ပါတယ်။ မဟာလမင်းကို နားလည်ခြင်းဟာ… စွမ်းအားကြီးသော ကမ္ဘာဖျက် မီးတောက် နည်းစနစ်ထက်ကို ပိုပြီးတော့ အဆင့်မြင့်ပါတယ်။ ဒါပေမဲ့လည်း ယန်ချင်အနေနဲ့… ပထမအဆင့် စိတ်ဝိညာဉ် တာဝါကို ဒီလောက်အထိ လွယ်လွယ်လေးနဲ့ ရရှိတာက ပုံမှန်မဟုတ်ပါဘူး။

ဒါကလည်း လင်းဖုန်းကို မသိစိတ်ထဲက သူ့ရဲ့ စွမ်းရည်စိစစ်တဲ့ ကိရိယာကို ထုတ်ပြီးတော့… ယန်ချင်ကို စစ်ဆေးစေခဲ့တာပါ။ ယန်ချင်ကို စစ်ဆေးပြီးတာနဲ့… လင်းဖုန်းဟာ ယန်ချင်မှာ ကိုယ်ပိုင်ဂိုဏ်း ရှိပြီးသား ဆိုတာကို အမှတ်ရလိုက်ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now