အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ... တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်

425 57 0
                                    

အပိုင်း ၂၀၅ : နောက်နှစ်တစ်ဝက်မှာ… တံခါးဖွင့်ပြီး တပည့်တွေကို လက်ခံမယ်

လင်းဖုန်းရဲ့ စိတ်ဟာ စနစ်ကြီးရဲ့ အထဲကို ဝင်လိုက်ပါတယ်။ တာအိုနည်းစနစ် ဖန်တီးခြင်း စနစ်ထဲမှာ ကောင်းကင်ဟာ မှောင်မည်းနေပြီး… ကွဲပြားတဲ့ မြင်ကွင်းရှစ်မျိုးကို တွေ့မြင်နိုင်ပါတယ်… ကောင်းကင်.. မြေကြီး.. လေပြင်း.. မိုးကြိုး.. ရေပြင်.. တောင်တန်းတဲ့ ရေအိုင် တို့ဟာ မတူညီတဲ့ နေရာရှစ်မျိုးမှာ ရှိနေကြပါတယ်။

ဒီအရေအတွက်သုံးခု အင်းရှစ်ကွက်ရဲ့ အပေါ်မှာ မြေ..ရေ..လေ..မီး တို့ဟာ လေဟာနယ်ရဲ့ အထဲမှာ ပူးပေါင်းနေခဲ့ပြီး… အဆက်မပြတ် ပေါင်းစည်းတုန်ခါနေတဲ့ ဘောလုံးတစ်လုံး အဖြစ်ကို ပြောင်းသွားကြပါတယ်။

သူ့ရဲ့အထဲမှာ ကြီးမားလှတဲ့ ကစဉ့်ကလျား ဖြစ်မှုတွေကို ဖန်ဆင်းနိုင်တဲ့… နတ်ဆိုးအော်ရာ တစ်ခုကို ထုတ်လွှတ်နေပါတယ်။

"မြေ.. ရေ.. လေ.. မီးတို့ရဲ့ ကောင်းချီးမင်္ဂလာတွေကို ပြန်လည် အဓိပ္ပာယ် ဖွင့်ဆိုခြင်းဟာ… ကမ္ဘာကြီးရဲ့ လည်ပတ်ပုံကို မှန်ကန်တဲ့ လမ်းကြောင်းအပေါ်ကို ပြန်ရောက်စေလိမ့်မယ်…" လင်းဖုန်းဟာ သူ့ရဲ့ ရင်ထဲကနေ နားလည် သဘောပေါက်နေခဲ့ပြီး… တာအိုနည်းစနစ် တစ်ခုကို ချက်ချင်းပဲ တိတ်ဆိတ်စွာ စဉ်းစားနေခဲ့ပါတယ်။

ပထမဆုံး သူစဉ်းစားမိတဲ့ တာအိုနည်းစနစ်ဟာ လေနတ်ဘုရားဂိုဏ်းရဲ့ ရတနာဖြစ်တဲ့… လေနတ်ဘုရား ဒြပ်မဲ့မန္တန်ပဲ ဖြစ်ပါတယ်။

ကောင်းဖန်.. ကျန်းစန်းနဲ့ တခြား ကျင့်ကြံသူတွေ အများကြီးကို ဖမ်းဆီးထားပြီး… လဲ့ဖုန်းဆရာတော်ရဲ့ ရွှေရောင်ဗဟိုချက်ကို မျိုချပြီးတော့… လင်းဖုန်းဟာ လေနတ်ဘုရား ဒြပ်မဲ့မန္တန် တစ်ခုလုံးကို ရရှိထားပြီ ဖြစ်ပါတယ်။

ဒီမန္တန်ဟာ ကောင်းကင်ကိုးလွှာ ဒြပ်မဲ့မုန်တိုင်းကို ကျင့်ကြံနိုင်စွမ်း ရှိပြီး… လေအနွယ်ဝင် တာအိုနည်းစနစ်ထဲမှာ ထိပ်တန်းအဆင့်မှာ ရှိပါတယ်။ ဒါက လင်းဖုန်းဟာ မဟာကောင်းကင် တာအိုကျမ်းစာရဲ့ အရေအတွက်သုံးခု အင်းရှစ်ကွက်ကို… ပထမဆုံး ဖန်တီးတုံးက အသုံးပြုခဲ့တဲ့ ကောင်းကင်လေပြင်း ကျမ်းစာထက် အများကြီး ပိုကောင်းပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now