အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်

404 55 0
                                    

အပိုင်း ၂၁၁ : ခက်ထန်သော ရှောင်ယန်

လင်းဖုန်းက တည်ငြိမ်စွာနဲ့ ပြောလိုက်ပါတယ်… "ဒီစကားကို မယုံကြည်တဲ့ လူအားလုံးဟာ… လာပြီးတော့ စိန်ခေါ်နိုင်ကြပါတယ်။ ကျုပ်တို့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက ဘာမေးခွန်းမှ မထုတ်ပဲနဲ့… ခင်ဗျားတို့ရဲ့ စိန်ခေါ်မှုကို လက်ခံပါမယ်…"

ယုဝမ်ဖုန်းဟာ ဒေါသ အလွန်အမင်း ထွက်နေခဲ့ပြီး… တစ်ဟားဟားနဲ့ ရယ်လိုက်ကာ… "ဘယ်လောက်အထိ မောက်မာလိုက်တဲ့ လူမျိုးလည်း! အလိမ်အညာတွေ ပြောပြီးတော့ မင်းရဲ့လျှာ ပြတ်ကျသွားမှာ မကြောက်ဘူးလား?"

"နံပါတ်တစ် ဟင်းလင်းပြင် ဘုရားကျောင်းကတောင် ဒီလို စကားမျိုးကို မပြောရဲဘူး! စူတောင်ဓားဂိုဏ်းရဲ့ ဓားနည်းစနစ်တွေဟာ တိုက်ခိုက်တဲ့ နေရာမှာ… ကောင်းကင်အောက်မှာ ပြိုင်ဘက်မရှိဘူး။ ဒါပေမဲ့လည်း သူတို့က သူတို့ကိုယ်သူတို့ ဒီလောက်အထိကြီး အထင်မကြီးနေကြဘူး…'

"မှန်တာပေါ့… ခင်ဗျားက အရူးတစ်ယောက်ပဲ…" မာစတာ ဆိုင်ကလုန်းက ပြုံးပြီးတော့ ခေါင်းညိတ်လိုက်ပါတယ်။ သူက လင်းဖုန်းရဲ့ အနောက်မှာ ရှိနေကြတဲ့… သူ့ရဲ့ဂိုဏ်းထဲကို ဝင်ချင်နေကြတဲ့ လူငယ်တစ်စုကို ကြည့်လိုက်ပါတယ်။ မာစတာ ဆိုင်ကလုန်းက သူတို့ကို ပြုံးပြလိုက်ပြီးမှ… "မင်းတို့က ဒီလိုမျိုး မျက်နှာပြောင်တိုက်တတ်တဲ့ လူကို ဆရာတော်ချင်နေတုန်းလား?"

"မင်းတို့က ကိုယ့်ကိုယ်ကိုယ် ဘယ်အချိန်မှာ ထိန်းချုပ်ရမှန်း မသိသေးရင်… မင်းတို့ရဲ့ ကျရှုံးမှုက အနှေးနဲ့အမြန် ရောက်လာမှာပဲ။ ပျက်စီးသွားတဲ့ ငှက်သိုက်မှာ… ဥအကောင်း မကျန်နိုင်ဘူး။ မင်းတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ပြောင်းလိုက်ဖို့… အချိန်တွေ သိပ်မနောက်ကျသေးပါဘူး…"

ရှောင်ယန်ကလည်း ရယ်ရမ်းသွေးလိုက်ကာ… "ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်ကိုတောင် အနိုင်မတိုက်နိုင်တဲ့… အခြေတည်ဝိညာဉ် အဆင့်က ကျင့်ကြံသူတစ်ယောက်။  ခင်ဗျားတို့ လေနတ်ဘုရားဂိုဏ်းက အချိန်ရှိသေးတုံး… မြန်မြန်ဖျက်သိမ်းပစ်ရင် ကောင်းလိမ့်မယ် ထင်တယ်။ ထပ်ပြီးတော့ စောင့်နေခဲ့ရင်… ပိုပြီးတော့ အရှက်ကွဲစရာတွေနဲ့ ကြုံလာလိမ့်မယ်…"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now