အပိုင်း ၂၁၉ : လက်ဆောင်များ!

421 58 0
                                    

အပိုင်း ၂၁၉ : လက်ဆောင်များ!

"မေကုန်းကုန်းကိုယ်တိုင် လာတယ်ဆိုတော့၊ မဟာကျိုး အင်ပါယာကလည်း အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းကို စစ်ကြေငြာချင်နေတာလား?"

ဘေးပတ်ပတ်လည်က လူအုပ်ကြီးဟာ ကိုယ်ထင်ရာ ကိုယ်လျှောက်ပြောကြရင်း ရုတ်ရုတ်သဲသဲ ဖြစ်နေကြပါတယ်။

လင်းဖုန်းကတော့ ကြောက်ရွံ့တဲ့ပုံ တစ်စက်မှ မပြခဲ့ပဲ မေဝူလန်ကို တည်ငြိမ်စွာနဲ့ ကြည့်နေခဲ့ပါတယ်။

မေဝူလန်က လင်းဖုန်းနဲ့ မနီးမဝေး နေရာတစ်ခုကို လျှောက်လာခဲ့ပြီး ငြိမ်သက်စွာနဲ့ ရပ်နေလိုက်ပါတယ်။ ရုတ်တရက်ပဲ သူဟာ လင်းဖုန်းကို လေးစားစွာနဲ့ ဦးညွှတ်လိုက်ကာ… "အရှင်မင်းမြတ်ရဲ့ ကျိုးနွံတဲ့ အစေအပါးဖြစ်တဲ့… ကျုပ်… မေဝူလန်ဟာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ခေါင်းဆောင်ကို ဂိုဏ်းဖွင့်ပွဲ အထိမ်းအမှတ် အဖြစ်နဲ့ လက်ဆောင်တွေ လာပေးတာပါ။ ကျွန်တော်တို့ရဲ့ လက်ဆောင်တွေဟာ ရိုးရှင်းတဲ့အတွက်၊ ဗွေမယူဖို့ မျှော်လင့်ပါတယ်"

သူ့ရဲ့စကားတွေကို ကြားလိုက်ရတော့၊ အကုန်လုံးဟာ အံ့ဩသွားခဲ့ကာ မေဝူလန်ကို စိုက်ကြည့်နေကြပါတယ်။ သူဟာ ဖြောင့်မတ်စွာ ပြောနေတာလား၊ ထေ့ငေါ့ပြီးမှ ပြောနေတာလား ဆိုတာကို စဉ်းစားနေကြပါတယ်။

ဒါပေမဲ့လည်း သူတို့က သူ့ကို အကဲခတ်လေလေ၊ တစ်ခုခုက မှားနေတယ်လို့ ထင်ရလေလေပါပဲ။

မေဝူလန်ကို ကြည့်ရတာ အလွန်ကို ရိုးသားနှိမ့််ချတဲ့ပုံပေါက်နေကာ၊ သူ့ရဲ့ အပြုံးဟာ အရမ်းပဲ နူးညံ့ပြီး နွေးထွေးလှတာကြောင့် ဟန်ဆောင်နေတယ်လို့ မထင်ရပါဘူး။ ဒါကမ္ဘာပေါ်မှာ မေဝူလန်ရဲ့ ဒီလိုမျိုး ရိုသေလေးစားခြင်းကို ခံနိုင်တဲ့သူတွေဟာ၊ အင်မော်တယ် ဝိညာဉ် အဆင့်က ကျင့်ကြံသူတွေပဲ ဖြစ်ကြတာပါ။

ပိုပြီးတော့ အရေးကြီးတာက၊ မေဝူလန်က တစ်ယောက်တည်း လာခဲ့တာပါ။ သူဟာ အခြေတည်ဝိညာဉ် နောက်ဆုံး အဆင့်က နာမည်ကြီး ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမဲ့၊ ပန်ကျဲရဲ့ အကျပ်အတည်းကို ကြည့်လိုက်ခြင်းအားဖြင့်၊ ဒီအဆင့်က ကျင့်ကြံသူတွေဟာ လင်းဖုန်းကို မယှဉ်နိုင်ဘူး ဆိုတာဟာ သိသာနေခဲ့ပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now