အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား

445 62 0
                                    

အပိုင်း ၂၂၁ : ဂိုဏ်းချုပ်၏ အခမ်းအနား

"ကျုပ်တို့ဂိုဏ်းရဲ့ သက်ကယ်မိုးထားတဲ့ တဲအိမ်လေးတွေကို ခင်ဗျားတို့က အတော်ရယ်ချင်နေမှာပဲ။"

သူ့ရဲ့စကားဆုံးတာနဲ့၊ လင်းဖုန်းဟာ သူ့ရဲ့ ကွယ်ဝှက်ထားတဲ့ ဂိုဏ်းတည်ထောင်ခြင်း တိုကင်တွေကို အသက်သွင်းလိုက်ပါတယ်။ မျက်စိတစ်မှိတ်လေး အတွင်းမှာ၊ အလင်းတန်း တစ်ခုဟာ ကောင်းကင်ယံကို ပျံတက်သွားခဲ့ပါတယ်။

ဒီအလင်းတန်းလေးဟာ ကောင်းကင်ယံထက်မှာ အဝေ့အဝိုက် ပုံစံတစ်ခုကို ဖန်တီးခဲ့ပြီး၊ ရောင်ခြည်ရောင်ဝါ ကွန့်မြူးတောက်ပ နေတဲ့ ခန့်ညားထည်ဝါတဲ့ တိမ်တိုက်တစ်ခု အဖြစ်ကို ပြင်းထန်စွာနဲ့ ပေါက်ကွဲသွားခဲ့ပါတယ်။ ပြီးတာနဲ့သူဟာ မဟူရာကောင်းကင် ရတနာသစ်ပင် ရှိရာဆီကို ဖြေးဖြေးချည်းပဲ ပြန်လည်ကျဆင်း လာခဲ့ပါတယ်။

ဖိတ်ဖိတ်တောက်နေတဲ့ မီးတောက်မီးလျှံတွေဟာ လူတိုင်းကို မှင်သက်ရှုမော ဖြစ်စေခဲ့ပါတယ်။

အလင်းတန်း တိမ်တိုက်ကြီးဟာ ဖြေးဖြေးချင်း ပျံ့လွင့်ကွယ်ပျောက်သွားခဲ့ကာ၊ သူ့ရဲ့ မူလပုံစံဖြစ်တဲ့ ခန်းနားထည်ဝါလှတဲ့ မိုးထိုးနေတဲ့ နန်းတော်ကြီး တစ်ခုကို ဖော်ပြပေးခဲ့ပါတယ်။

အလင်းတန်းတွေနဲ့ ပုံရိပ်တွေဟာ ဖြေးဖြေးချင်းပဲ ထိနိုင်ကိုင်နိုင်တဲ့ အမှန်စစ်စစ် အရာတွေ အဖြစ်ကို ပြောင်းသွားခဲ့ကာ၊ ယုကျင်းတောင်ပေါ်မှာ မားမားမတ်မတ် တည်ရှိနေတဲ့ မိုးထိုးနေတဲ့ နန်းတော်ကြီး တစ်ခုအဖြစ်ကို အသွင်ပြောင်းသွားခဲ့ပါတယ်။

နန်းတော်ကြီးရဲ့ အဓိကခန်းမဟာ မီတာသုံးဆယ်မြင့်ပြီး၊ အခန်းဆယ့်ရှစ်ခန်းစာ ကျယ်ဝန်းကာ၊ အထဲကို ဘယ်လောက်အထိ တိုးဝင်သွားသလဲ ဆိုတာကိုတော့ ဘယ်သူကမှ မသိပါဘူး။ အဆောက်အဦးကြီး တစ်ခုလုံးဟာ ခရမ်းရွှေရောင် ဖျော့ဖျော့ယှက်သန်းနေခဲ့ပြီး၊ သူ့ရဲ့ ထောင့်လေးထောင့်ဆီမှာ နဂါး၊ ဖီးနစ်၊ ကမ္ဘာလိပ်ကြီးနဲ့ ချီလင်တို့ဟာ မားမားမတ်မတ် ရပ်နေကြပါတယ်။ ပလက်တီနန် အရောင်နဲ့ အုတ်ကြွပ်ခြောက်လွှာတို့ကလည်း ဝင်းဝင်းလက်လက်နဲ့ ဖိတ်ဖိတ်တောက်နေကြလို့ပါ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now