အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်

423 59 1
                                    

အပိုင်း ၂၂၅ : လျှို့ဝှက်ဆန်းကြယ်သော ဆေးခန်းမဆောင်

ထုန်းလင်သီလရှင်ဟာ ထပ်ခါထပ်ခါ ရွတ်ဆိုနေခဲ့ပါတယ်၊ "ဒီလိုမဖြစ်အောင် နည်းလမ်းတစ်ခု ရှာရမယ်၊ ဒီလိုမဖြစ်အောင် နည်းလမ်းတစ်ခု ရှာရမယ်၊ ဒီလိုမဖြစ်အောင် နည်းလမ်းတစ်ခု ရှာရမယ်!"

သူမက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး၊ "ဆရာ၊ တကယ်လို့များ တခြားနည်းလမ်း မရှိခဲ့ရင်၊ ကျွန်မတို့က ဟိုကောင်စုတ်လေး လာခဲ့လို့ရှိရင် မညှိနှိုင်းခင်မှာ ကြိုတင်ပြင်ဆင်မှု တချို့ လုပ်ထားရမယ်။ သူကစပြီး လောင်းကြေးကို ဖျက်သိမ်းလိုက်ရင်တော့၊ ကျွန်မတို့က လျှော်ကြေး ကောင်းကောင်းလေး ပေးလိုက်တာပေါ့။"

သူမက ပြောနေရင်းနဲ့ မျက်လုံးအစုံဟာ ရက်စက်တဲ့ အငွေ့တွေ ထင်ဟပ်လာခဲ့ကာ၊ "သူက လက်မခံလို့ ရှိရင်တော့၊ သူ့ကို ရှင်းယွင်တောင်ပေါ်မှာ ပိတ်လှောင်ထားရမှာပေါ့!"

မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာက သက်ပြင်းအရှည်ကြီး တစ်ချက်ကို ချလိုက်ပြီး၊ "ဒါကလည်း အလုပ်ဖြစ်မှာ မဟုတ်ဘူး။"

ထုန်းလင်သီလရှင်ဟာ မတည်မငြိမ် ဖြစ်သွားခဲ့ပြီး၊ "ဆရာသခင်!"

မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာက သူ့ရဲ့ခေါင်းကို ခါလိုက်ရင်း၊ "ငါက မင်းရဲ့နည်းလမ်းက မှားနေတယ်လို့ပြောတာ မဟုတ်ဘူး။ မင်းရဲ့နည်းလမ်းက ဘယ်လိုနည်းနဲမှ မဖြစ်နိုင်ဘူး။"

ထုန်းလင်သီလရှင်က စဉ်းစားရခက်သွားပြီး၊ "ဘာဖြစ်လို့များလဲ?"

မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာက ရှကျိုးမြို့ပြင်က လွင်ပြင်တိုက်ပွဲ အကြောင်းကို အကျဉ်းချုံးပြီး ပြောပြလိုက်တော့၊ ထုန်းလင်သီလရှင်ဟာ အံ့အားသင့်သွားခဲ့ပါတယ်။ သူမဟာ ငိုတာထက်တောင် ပိုပြီးမှ ကြည့်ရဆိုးတဲ့ အပြုံးမျိုးကို ပြုံးလိုက်ပြီး၊ "အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက လူတွေက ဘယ်ကမ္ဘာကများ လာကြတာလဲ?"

"ဒီလိုသာ ဆိုရင်တော့၊ ယန်ရန်ရဲ့ လောင်းကြေးဟာ ရှုံးဖို့ သေချာသွားရုံတင် မကပဲ၊ အလင်းဓားမြန် ဂိုဏ်းကလည်း တစ်ကမ္ဘာလုံးရဲ့ တံတွေးရေခွက်ထဲမှာ မျောတော့မှာပဲ!"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now