ယုခိ(Arc -5)

12.3K 981 42
                                    

<Unicode>
(missionကအသက်မသေစေရန်နဲ့ဇာတ်လိုက်မရဲ့မျက်နှာဖုံးကိုခွာချရန်ပါ)

(ကောင်းပီ)

*ယုခိလို့ပဲသုံးပါတော့မယ်*

"အကို အကို"

"ဟင် အင်း sorry ကျနော်အိပ်ပျော်သွားတယ်"

"ရပါတယ်ဗျ အိမ်တော်ကိုရောက်ပါပီ"

"အင်း"

ပေါင်ပေါ်ကကလေးမလေးကိုကြည့်လိုက်တော့နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်။

"သခင်မလေးကိုကျနော်ချီလိုက်ပါ့မယ်"

ထိုလူကချီဖို့လုပ်ပေမယ့်ကလေးမလေးကသူ့အင်္ကျီစကိုလက်သေးသေးနဲ့ကျစ်နေအောင်စုတ်ထားမို့ယုခိသနားသွားရသည်။

"ရတယ်အကို ကျနော်ပဲချီလိုက်ပါတော့မယ်"

"ဟုတ်ကဲ့ သခင်မလေးအခန်းကိုလိုက်ပြပါ့မယ်"

မာဖီးယားဆိုတဲ့အတိုင်းအိမ်ကြီးဟာကြီးမားကျယ်ဝန်းပီးအသုံးအဆောင်အားလုံးကိုအနက်ရောင်တေသာသုံးထားသည်။မွန်ပိုရဲ့အခန်းထဲမှာတောင်အရောင်ပါတာသိပ်မရှိပေ။

*ကလေးတစ်ယောက်ကိုဒီလိုနေခိုင်းတယ် ဘယ်လိုအရူးမျိုးလဲမသိဘူး*

မွန်ပိုလေးအားကုတင်ပေါ်ချပေးကာအင်္ကျီအားဆွဲထားတဲ့လက်လေးကိုဖြုတ်ကြည့်တော့မရတဲ့အဆုံးသူပါဝင်လှဲလိုက်ရင်းထပ်အိပ်ပျော်သွားတော့သည်။

>>>>

"ဒီနေ့မွန်ပိုကျောင်းမှာအဆင်ပြေလား"

"ပြေပါတယ်သခင်ကြီး ဒါပေမယ့်..."

"ဒါပေမယ့် ဘာဖြစ်လဲ"

"သခင်မလေးကလမ်းမှာတွေ့တဲ့လူတစ်ယောက်ကိုသူ့အမေထင်ပီးခေါ်လာပါတယ်"

"ဘာ!"

"ကျနော်တို့လဲတားပါသေးတယ် ဒါပေမယ့်သခင်မလေးက"

"ကျစ်!အခုသူဘယ်မှာလဲ"

"သခင်မလေးအခန်းထဲမှာပါ"

"ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ကိုအိမ်ပေါ်ခေါ်တင်ပီးငါ့သမီးအခန်းထဲပါထည့်ထားတယ် မင်းမှာဦးနှောက်မရှိဘူးလား!"

Revenge System(Completed)Where stories live. Discover now