Chapter 16 unicode

15.4K 415 20
                                    

🔸အဖြူရောင်နုနု🔸16

            အပိုင်း~၁၆

မနက်ခင်းကတည်းကစိတ်တိုစရာကြုံရလို့လားမသိပါဒီနေ့စာသင်ရတာပင်စိတ်ကမပါလှ၊ကျောင်းဆင်း
ချိန်နီးလာသည့်တိုင်စိတ်ထဲတအုံ့အုံ့၊တနွေးနွေးနဲ့..
ဒီနေ့မှပဲကလေးတွေကပိုမိုဆူညံကာမိမိအားမထီမဲ့
မြင်ပြုနေသလိုလဲခံစားရသည်။
စားပွဲခုံကိုကြိမ်လုံးနဲ့သုံးလေးချက်ဆင့်ရိုက်လိုက်
ပြီး...
" ရှူး တိုးတိုး..နေကြ၊ဆူနေရင်စာဆိုခိုင်းမှာနော်"
ဟုဆိုလိုက်မှပဲငြိမ်သွားတော့သည်။
ပြန်တော့ကိုဗညားရဲ့ဒရိုင်ဘာကကားနဲ့လာကြိုပါ
သည်။
" ဦးလေး ည၆နာရီလောက်ကြရင်ကောင်မလေးကိုဆေးခန်းပို့မလို့ အိမ်ခဏလာပေးပါအုံး"
" ဟုတ်ကဲ့ မနုနု"

မနေ့ကတည်းကဖြစ်ချင်ရာဖြစ်ဒရိုင်ဘာကိုလှမ်းခေါ်
ပြီးဆေးရုံသွားလိုက်ရအကောင်းသားရယ်။အခုတော့ဘာညာမဟုတ် အစွတ်စွဲခံရသည်။

အိမ်ရောက်လို့ကျောင်းအ၀တ်အစားလဲနေတုန်းဖုန်းကောလ်၀င်လာပါသည်။မင်းထက်ဆက်နေတာမို့
သူမကိုင်လိုက်ပြီး..
" အင်း...မင်းထက်."
" နုနု ကျောင်းကပြန်ရောက်ပြီလား၊ ဘယ်လိုလဲ
ကောင်မလေးသက်သာရဲ့လား"
" အင်း သက်သာပါတယ်..."
" ဘာပဲဖြစ်ဖြစ်အရှင်းပျောက်အောင်၊ငါဒီနေ့၀င်လာ
ပြီးဆေးထပ်ထိုးပေးမယ်..."
" ဟင့်အင်း...မလာနဲ့တော့....
အိမ်မှာကိုဗညားပြန်ရောက်နေပြီဆိုတော့ငါ့ဟာငါပဲ
ဆေးခန်းပို့လိုက်တော့မယ်...."

တဖက်ကမင်းထက်နေနိုင်...
သူကသူကုထားတဲ့လူနာမို့အဆုံးထိကုဖို့ဆက်တာ
ကို နုနုကသူ့လင်ကြီးရှိလို့မလာပါနဲ့ဆိုတော့..
သူ့ရဲ့သမားဂုဏ်ကိုစော်ကားရာရောက်သဖြင့်ဒေါ
သထွက်သွားသည်။
" မင်းယောက်ျားပြန်ရောက်နေလို့မလာနဲ့တော့ဟုတ်လား။အဲ့တာဘာစကားလဲနုနု...
ငါတို့အကြောင်းကိုမင်းယောက်ျားသိမှာကိုစိုးရိမ်
နေတာလား။ ဟာကွာ...
မင်းဘာတွေပူနေတာလဲဟမ်..ငါ့မှာလည်းအိမ်ထောင်နဲ့ပါ..ကွ."
မင်းထက်တစ်ယောက်စိတ်ဆိုးသွားပြီမှန်းနုနုသိပါ
တယ်...
" အဲ့တာကြောင့်မို့ပြောတာပေါ့ နင့်ဇနီးကလည်း
မကြိုက်ဖူးလို့ပြောတယ်လေ..."
" ဘာလို့ဖြူဖြူကပါလာတာလဲ?"
"•••••"
သူမေးတာကိုနုနုဘက်ကပြန်မဖြေ။
" ဘာလဲ ဧကန်န..ငါ့မိန်းမနဲ့တွေ့တာလား..."
" ဘာပဲဖြစ်ဖြစ် ငါတို့ထပ်မတွေ့တာကောင်းပါတယ်၊ မနေ့ကအတွက်ကျေးဇူးပဲ..."
" နေအုံး...
ဖြူဖြူမင်းကိုဘာပြောလို့လဲ?..."
" ဘာမှမဟုတ်ပါဘူး၊ နင်နဲ့တွေ့တာသူမကြိုက်တဲ့
အကြောင်းပေါ့...."
ဖုန်းချသွားသည်။ သူကြောင်အမ်းနေခဲ့သည်။
အိမ်တံခါးသော့ခတ်ခဲ့ပါလျှက်နဲ့..ဘယ်လိုလုပ်...
အင်းလေ၊လွန်းဖြူဖြူကသရဲထက်ဆိုးတာပဲ၊သူဘာ
လုပ်လုပ်၂၄နာရီမှော်မျက်လုံးတွေနဲ့စောင့်ကြည့်
နေတာမို့ မသိပဲနေပါ့မလား။
ငါ့နောက်ကွယ်မှာငါ့ကိုသိက္ခာလိုက်ချပေးနေတာ
အဲ့တာမင်းအချစ်လား......ဟမ်။

အဖြူရောင်နုနု(complete)🚨Where stories live. Discover now