အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း

443 59 1
                                    

အပိုင်း ၂၃၆ : ကတိအတိုင်း ပေါ်လာခြင်း

"ဆရာ့တပည့်က အဆင်သင့် ဖြစ်ပါပြီ" ရှောင်ယန်က လေးနက်စွာနဲ့ ပြောလိုက်ပါတယ်။

လင်းဖုန်းက သူ့ရဲ့ခေါင်းကို ညိတ်လိုက်ပြီး၊ "သွားပြီး ပြင်ဆင်ချေ၊ ငါတို့သွားဖို့ အချိန်ကျပြီ"

ရှောင်ယန်က ပြန်ပြောလိုက်ပါတယ်၊ "ဆရာကရော ကျွန်တော်နဲ့ လိုက်မှာလား?"

လင်းဖုန်းက ရယ်လိုက်ပါတယ်၊ "ငါက မင်းနဲ့ မုယုံယန်ရန်တို့ရဲ့ တိုက်ပွဲကို ဝင်ပြီးစွက်ဖက်မှာ မဟုတ်ဘူး။ ဒါပေမဲ့လည်း အလင်းဓားမြန်ဂိုဏ်းက တစ်ခုခု မဟုတ်တာ လုပ်ခဲ့ရင်၊ သူတို့ကို စည်းမျဉ်းစည်းကမ်း အကြောင်းကို သင်ပေးရမှာပေါ့"

သူက ဒီလိုမျိုး ပြောလိုက်ပေမဲ့၊ လင်းဖုန်း တကယ်ပြောချင်တဲ့ စကားတွေက အောက်ပါအတိုင်းပါ။

"ဒါက အရှုံးသမားနဲ့ တိုက်ခိုက်တဲ့ ဒဏ္ဍာရီလာ တိုက်ပွဲပဲ! ငါက လက်လွတ်ခံလို့ ဘယ်ဖြစ်မလဲ!"

လင်းဖုန်းဟာ သူ့ရဲ့ရင်ထဲက အရေအတွက်သုံးခု အင်းရှစ်ကွက် မီးတောက်ဟာ ထိန်ညီးစွာနဲ့ တောက်လောက်နေတယ်လို့ ရင်ထဲကနေ ခံစားခဲ့ရပါတယ်။ သူက ရှောင်ယန်ကို တပည့်အဖြစ်နဲ့ စတင်လက်ခံလိုက်တဲ့ နေ့ကစပြီး စောင့်မျှော်နေခဲ့ရတဲ့၊ ပိုပြီးတော့ သန်မာတဲ့လူဘက်က ပွဲကြည့်ပရိတ်သတ်အဖြစ် ကြည့်နိုင်မယ့်ရက်က၊ ရောက်လာပါတော့မယ်။

အလင်းဓားမြန်ဂိုဏ်း အနေနဲ့ကတော့၊ သူတို့ဟာ ရှောင်ယန်ရဲ့ အရှေ့မှာ ဖော်ပြဖို့ မထိုက်တန်ပါဘူး။ သူတို့ကိုယ့်ကိုယ်သာ သတိထားပြီး နေရမှာပါ။

ရှောင်ယန်က ရယ်လိုက်ပြီး၊ "မုယုံယန်ရန်နဲ့အတူ ဝူကျိုးကို လိုက်လာတဲ့သူတွေကိုပဲ ပစ်မှတ်ထားလိုက်ရင်၊ အလင်းဓားမြန်ဂိုဏ်းက ဘာလုပ်ချင်နေသလဲဆိုတာ သိနိုင်တာပဲ"

"အလင်းဓားမြန်ဂိုဏ်းရဲ့ တည်နေရာဖြစ်တဲ့၊ ရှင်းယွင်တောင်ထိပ်ဟာ၊ မဟာချင် အင်ပါယာရဲ့ အရှေ့တောင်ဘက်မှာ ရှိတာမဟုတ်လား?" ရှောင်ပုတန်လေးဟာ ခဏ စဉ်းစားလိုက်ပြီး၊ ထွမ်းထွမ်းဘက်ကို လှည့်လိုက်ပါတယ်၊ "နင်ပြောထားတာ ငါမှတ်မိသေးတယ်၊ မဟာချင် အင်ပါယာရဲ့ အရှေ့တောင်ဘက်မှာ စားလို့ကောင်းတဲ့ မိစ္ဆာမြွေအသားရှိတယ်မလား?"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now