အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!

427 56 1
                                    

အပိုင်း ၂၃၈ : မင်းက လူမှားနေတယ်!

မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာဟာ ခဏလောက် ငြိမ်သက်သွားခဲ့ပြီး၊ သွေးတိုးစမ်းတဲ့ အနေနဲ့ မေးလိုက်ပါတယ်။ "ကျုပ်တို့ဂိုဏ်းက တပည့်၊ မုယုံယန်ရန်ဟာ၊ ခင်ဗျားရဲ့ တပည့်နဲ့ အတိတ်တုံးက နားလည်မှု လွဲမှားတာတွေ ရှိခဲ့တယ်နဲ့ တူတယ်။ ဒါက လူငယ်တွေ အချင်းချင်း ကတောက်ကဆ ဖြစ်ကြတာ ဖြစ်ပြီး၊ ပုံကြီးမချဲ့သင့်ဘူးလို့ ကျုပ်ကတော့ ထင်နေတာပဲ။ ခင်ဗျားရဲ့ သဘောကရော?"

မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာက သူ့မေးခွန်းဟာ တဲ့တိုးကျရာ ရောက်နေတယ် ဆိုတာကို သိနေခဲ့ပေမဲ့၊ သူဟာ ဒီအချိန်မှာ ပူပန်စိတ်တွေက များနေခဲ့တော့၊ မျက်နှာအရေခွံကို ထူထူထားကာ မေးလိုက်ရတာပါ။

"ကြည့်ရတာ မုယုံယန်ရန်ရဲ့ စွမ်းရည်တွေဟာ ကန့်သတ်ချက်ရှိပြီး၊ ရှောင်ယန်လောက် မသန်မာဘူး ထင်တယ်" လင်းဖုန်းက သဘောပေါက်လိုက်ကာ ဖွဖွလေး ပြုံးလိုက်ပါတယ်။ သူက ပါးစပ်ကိုဟကာ ပြန်ပြောလိုက်ပါတယ်၊ "အလေးအနက် ထားဖို့မထားဖို့က၊ ကျုပ်အပေါ်မှာ မူမတည်ပါဘူး။ ပါဝင်ပတ်သတ်နေတဲ့ နှစ်ဦးနှစ်ဘက် အပေါ်မှာပဲ မူတည်နေပါတယ်"

"ဒါပေမဲ့လည်း ကျုပ်တပည့်ကတော့ သူတို့ပြုလုပ်ထားကြတဲ့ ကတိကဝတ်တွေကို မှတ်မိနေတဲ့ပုံပဲ" လင်းဖုန်းက ရှင်းရှင်းပဲ ပြန်ဖြေလိုက်ပါတယ်။ ဒါပေမဲ့လည်း သူ့စကားလုံးတွေဟာ မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာကို ထိတ်လန့်စေခဲ့ပါတယ်။

"ရှောင်ယန်က ကျုပ်ရဲ့ စီနီယာ အကျဆုံး တပည့်ဖြစ်တယ်။ သူက ရှင်းယွင်တောင်ကို လာဖို့ ဆုံးဖြတ်ခဲ့တယ် ဆိုတော့၊ ကျုပ်ကတော့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အပြည့်အဝ ထောက်ခံရမှာပဲ"

မိုးပြာရောင်တိမ်တိုက် ဂရန်းမာစတာရဲ့ နဖူးပေါ်မှာ ချွေးသီးချွေးပေါက်တွေ ကျလာတာကို တွေ့လိုက်ရတော့၊ လင်းဖုန်းဟာ တိုးတိုးလေးပဲ ပြောလိုက်ပါတယ်။ "ကျေးဇူးပြုပြီးတော့ အထင်မလွဲပါနဲ့ မိတ်ဆွေကြီး၊ ကျုပ်က ဂျူနီယာတွေရဲ့ ကိစ္စမှာ ဝင်ပြီးတော့ စွက်ဖက်မှာ မဟုတ်ပါဘူး။ ကျုပ်ရဲ့ ရည်ရွယ်ချက်က အလင်းဓားမြန်ဂိုဏ်းရဲ့ ခေါင်းဆောင်ဆီကို လည်ပတ်ဖို့ပါပဲ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now