အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု

405 47 0
                                    

အပိုင်း ၂၄၀ : စိတ်ဝင်စားစရာ တစ်စုံတစ်ခု

လင်းဖုန်းဟာ မုယုံယန်ရန်ကို စိတ်ဝင်စားစွာနဲ့ ကြည့်လိုက်ပြီး၊ သူ့ရဲ့စိတ်ဟာ တွက်ချက်မှုများစွာနဲ့ လှုပ်ရှားနေခဲ့ပါတယ်။

"မင်းက ဘာဖြစ်လို့ အလင်းဓားမြန်ဂိုဏ်းကနေ တိတ်တိတ်လေး ထွက်ပြေးလာခဲ့တာလဲ? မင်းပြောပုံ အရဆိုရင်၊ မင်းက ရှောင်ယန်နဲ့ တိုက်ခိုက်ဖို့ ရှောင်လွှဲချင်ပုံလည်း မရပါဘူး"

တကယ်လို့များ သူမက တိုက်ပွဲကို ရှောင်လွှဲဖို့ အကြံအစည် မရှိဘူးဆိုရင်၊ ဒါက အလင်းဓားမြန်ဂိုဏ်းဟာ သူမကို တစ်ခုခု စီစဉ်ခဲ့ပြီး၊ သူမက ဒီအစီအစဉ်ကို လက်မခံနိုင်လို့ပဲ ဖြစ်ပါလိမ့်မယ်။

ဒီကောင်မလေးဟာ အလောင်းအစားကို လိုက်နာမှာမဟုတ်ပဲ၊ သူမရဲ့ အသက်ကိုသာ လျှော်ကြေးအဖြစ် ပေးဆပ်ချင်နေခဲ့တာပါ။

ဒါက သူမဟာ ခြေနင်းကျောက်တုံး အဖြစ်မခံချင်လို့ ရှောင်လွှဲခြင်းလို့ ပြောလို့ရပေမဲ့၊ သူမရဲ့ သဘောထားကနေ သူမဟာ စိတ်ဓာတ်ကြံ့ခိုင်ပြီး ပြတ်သားတဲ့သူတစ်ယောက် ဖြစ်တယ်ဆိုတာကို သိနိုင်ပါတယ်။

"ငါတို့ကရော ငါတို့ရဲ့ လက်ထပ်မှုကို ကိုယ်တိုင် ဆုံးဖြတ်တာပဲလား?" လင်းဖုန်းက ဖြေးဖြေးချင်း တွေးနေခဲ့ပြီး ခေါင်းထဲကနေ စဉ်းစားနေခဲ့ပါတယ်။ "တကယ်လို့များ ငါက အလင်းဓားမြန်ဂိုဏ်းက ဖြစ်ခဲ့ရင်၊ ဒီလိုမျိုး ပြဿနာနဲ့ ကြုံလာလို့ရှိရင် ဘာလုပ်မလဲ?"

တကယ်လို့များ ငါက ငါ့ရန်သူရဲ့ ပြိုင်ဘက်မဟုတ်ပဲ အနိုင်ကျင့်လည်း မခံချင်ဘူးဆိုရင်၊ အကောင်းဆုံး အဖြေက တခြားနေရာက အကူအညီကို ရယူပြီး ဖိအားတွေကို လျှော့ချရမှာ ဖြစ်ပါတယ်။

လင်းဖုန်းက စိတ်ဓာတ်ကျနေပြီး ဂဏှာမငြိမ်ဖြစ်နေတဲ့ မုယုံယန်ရန်ကို ကြည့်လိုက်ပြီး၊ ရုတ်တရက် မေးလိုက်ပါတယ်။ "ငါကို ပြောပြပါဦး၊ အလင်းဓားမြန်ဂိုဏ်းက မင်းကို လက်ဆက်ပေးချင်နေတဲ့ သူက ဘယ်ကများလဲ? စူတောင်ဓားဂိုဏ်းကလား? မဟာချင် အင်ပါယာကလား?"

မုယုံယန်ရန်ဟာ သူမရဲ့ခေါင်းကို မော့လိုက်ပြီး၊ လင်းဖုန်းကို တုန်လှုပ်ချောက်ချားစွာနဲ့ ကြည့်လိုက်ပါတယ်။ လင်းဖုန်းကတော့ တည်ငြိမ်နေလို့ပါ။ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းရဲ့ ဖိအားတွေကို ခုခံဖို့ အလင်းဓားမြန်ဂိုဏ်းက အကူအညီတောင်းနိုင်တဲ့ နေရာတွေဟာ၊ စူတောင်ဓားဂိုဏ်းနဲ့ မဟာချင် အင်ပါယာတို့ပဲ ရှိပါတယ်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now