အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ

437 57 0
                                    

အပိုင်း ၂၄၃ : အလင်းဓားမြန် ဓားမာစတာ

အလင်းဓားမြန်ဂိုဏ်း၏ အခြေတည် ဝိညာဉ် အဆင့်မှ ဂရန်းမာစတာ ခုနှစ်ယောက်တို့၏ လာရောက်ကြိုဆိုခြင်းသည်၊ လေးစားမှုနှင့် စွမ်းအားတို့ကို ဖော်ပြနေခြင်းဖြစ်သည်။

လင်းဖုန်းသည် ပြုံးရုံသာ ပြုံးခဲ့ကာ ဘာမှ မလှုပ်ရှားခဲ့ပေ။ သူသည် ရှောင်ပုတန်ကို စိုက်ကြည့်လိုက်ရာ၊ ရှောင်ပုတန်ကလည်း သူ့ဆရာ၏ ရည်ရွယ်ချက်ကို ရိပ်စားမိခဲ့သည်။ သူက ရယ်ရမ်းသွေးလိုက်ကာ မဟူရာနဂါး ကျဲယု၏ ခေါင်းအား ခြေမဖြင့် ပုတ်လိုက်သည်။

လင်းဖုန်း၊ ရှောင်ယန်၊ ထွမ်းထွမ်းနှင့် ယွဲ့ဟုန်ယန်တို့သည် ကျဲယု၏ ကိုယ်ပေါ်မှ ဆင်းလိုက်ကြသည်။ ရှောင်ပုတန်လေး တစ်ယောက်သာ မဟူရာနဂါး ကျဲယုကို စီးနင်းသွားခဲ့ကာ၊ ရွှေရောင် အလင်းတန်းများဖြင့် ဖွဲ့စည်းထားသော လှေကားထစ်များ ရှိရာသို့ သွားလိုက်သည်။

ရှောင်ပုတန်လေး၏ ကလေးဆန်သော အသံသည် ကြည်လင်ပြတ်သား၍ နားထောင်လို့ကောင်းစွာ ထွက်ပေါ်လာသည်။ "ကျွန်တော်ကတော့ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ ရှီထျန်းဟောင် ဖြစ်ပါတယ်။ ကျွန်တော်က ဆရာ့အစား အလင်းဓားမြန်ဂိုဏ်းမှ အကြီးအကဲများကို ရိုသေစွာနဲ့ နှုတ်ခွန်းဆက်သ ပါတယ်ခင်ဗျာ"

ကျဲယုကတော့ ဘာမှမပြောခဲ့ပဲ သူ၏ခန္ဓာကိုယ်ကို ရွှေရောင်လှေကားထစ်ပေါ် တက်လိုက်ပြီး၊ ကျယ်လောင်စွာ ဟိန်းလိုက်သည်။ နဂါးတစ်ကောင်၏ ခက်ထန်မှုနှင့် လွှမ်းမိုးနိုင်မှုတို့ကို အစွမ်းကုန် ခင်းကျင်းပြသခဲ့ကာ၊ သူ၏ မှော်စွမ်းအင် လှိုင်းလုံးများသည် မာန်ဟုန်ပြင်းသော မြစ်တစ်စင်းကဲ့သို့ ရွှေရောင် လှေကားထစ်များအတိုင်း အပေါ်သို့ တက်သွားခဲ့သည်။

နဂါးမျိုးနွယ်စုများသည် မွေးလာကတည်းက လူသားများထက် အထက်တန်းကျသည်။ မိစ္ဆာဝိညာဉ်ကို ဖော်ဆောင်ပြီး၍ မိစ္ဆာသခင် အဆင့်ကို ရောက်သွားပြီ ဖြစ်သော ကျဲယုသည်၊ အလင်းဓားမြန်ဂိုဏ်းမှ အခြေတည်ဝိညာဉ် အဆင့် ဂရန်းမာစတာ ခုနှစ်ယောက်တို့ကို ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ရင်ဆိုင်လိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now