အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း

411 56 0
                                    

အပိုင်း ၂၄၄ : ပြန်လည်တုံ့ပြန် တိုက်ခိုက်ခြင်း

လင်းဖုန်းက ဖြည်းဖြည်းဆေးဆေး လမ်းလျှောက်လာသည့် ချုံးယွင်မင်းသားကို ကြည့်လိုက်ကာ၊ စိတ်ထဲကနေ ရယ်လိုက်သည်။ ရှောင်ယန်ကို အသံလွှင့်ပြီးမှ ပြောလိုက်သည်။ "ရှောင်ယန်၊ ဒါက မင်းရဲ့ အချစ်ပြိုင်ဘက်ပဲ"

ရှောင်ယန်သည် အံ့အားသင့်ပုံ ပေါက်သွားခဲ့ကာ "သူနဲ့ ကျန်းအာနဲ့…?"

"ဒါက ရှောင်ကျန်းအာနဲ့ ဘာမှမဆိုင်ဘူး" လင်းဖုန်းကလည်း ရှောင်ယန်၏ တုံ့ပြန်မှုအပေါ် အနည်းငယ် အံ့ဩသွားခဲ့သည်။ သူကရယ်ပြီးမှ ပြောလိုက်သည်။ "ဒါက အလင်းဓားမြန်ဂိုဏ်းက မုယုံယန်ရန်အတွက် စီစဉ်ထားတဲ့ သတို့သားလောင်းပဲ။ ဒါပေမဲ့ သူက မုယုံယန်ရန်ကို လိုချင်သလား ဆိုတာကတော့၊ နောက်ထပ်ကိစ္စတစ်ခုပေါ့"

ရှောင်ယန်၏ ကိုယ်ကျင့်စရိုက်သည် တဲ့တိုးဆန်သော်လည်း ဉာဏ်စွမ်းရည် မြင့်မားသူဖြစ်သည်။ လင်းဖုန်းက အနည်းငယ် အစဖော်ပေးလိုက်သည်နှင့်၊ အလင်းဓားမြန်ဂိုဏ်းက ဘာများ ကြံစည်နေသလဲ ဆိုတာကို ရိပ်စားသွားမိခဲ့ပြီဖြစ်သည်။

"ဆရာကရော ဘယ်လိုထင်သလဲ?" ရှောင်ယန်၏ မျက်လုံးများသည် တောက်ပလာသော်လည်း၊ သူ၏ သဘောထားကို မထုတ်ဖော်ခဲ့ပဲ လင်းဖုန်း၏ အမြင်ကိုသာ မေးလိုက်သည်။

သူ၏ သုံးနှစ်စလုံး မျှော်လင့်နေခဲ့သည့် ရည်မှန်းချက်မှာ အနှောက်အယှက် ဖြစ်သွားသော်လည်း၊ ရှောင်ယန်သည် တည်ငြိမ်နေ၏။ သူသည် လင်းဖုန်း၏ ထင်မြင်ချက်ကိုသာ အရင်မေးလိုက်သည်။

လင်းဖုန်းက ဖွဖွလေး ပြုံးလိုက်ကာ ပြောလိုက်သည်။ "ရှောင်ယန်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက တပည့်တွေက လောဘကြီးလို့မရဘူး၊ ဒါပေမဲ့ ငါတို့ကို တင်နေတဲ့ အကြွေးတွေကိုတော့ ပြန်ဆပ်ရမယ်"

ရှောင်ယန်က လင်းဖုန်း၏ စကားများကို တွေးတောဆင်ခြင်နေခဲ့ပြီး "ဝူကျိုးမြို့မှာတုံးက…?"

လင်းဖုန်းက ပြန်ဖြေလိုက်သည်။ "ဒါက ချုံးယွင်မင်းသားလုပ်တာ မဟုတ်လောက်ဘူး။ ကြည့်ရတာ တစ်ယောက်ယောက်က သူ့နာမည်ကို အသုံးချပြီးမှ လုပ်တာပဲ"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now