အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ

397 50 0
                                    

အပိုင်း ၂၄၆ : ပြဿနာရှာတဲ့သူက ဒီမှာပါ

လင်းဖုန်းက သူ၏ အသိစိတ်ကို ဖြန့်ကြက်လိုက်ရာ၊ အနက်ရောင် ချပ်ဝတ်တန်ဆာနှင့် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူ တစ်ယောက်သည် ယွဲ့ဟုန်ယန်၏ အခန်းရှေ့တွင် ရောက်နေသည်ကို တွေ့လိုက်ရ၏။ သူသည် အစောပိုင်းက ချုံးယွင်မင်းသား၏ နောက်လိုက်နောက်ပါများ အထဲမှ တစ်ယောက်ဖြစ်၏။

သူသည် လင်းဖုန်းထံမှ ပုန်း၍ မရနိုင်မှန်း သိနေဟန်တူသည်။ သူက လေးစားသော အပြုံးတစ်ခုဖြင့် လင်းဖုန်း၏ အဆောင်ရှိရာသို့ ဦးညွှတ်လိုက်ကာ၊ ယွဲ့ဟုန်ယန်၏ အခန်းရှေ့တွင် ရပ်လိုက်ကာ လည်ချောင်းသံဖြင့် ဟိန်းသံတစ်ချက်ကို ပြုလိုက်သည်။

ပြီးတာနှင့် ထိုသူသည် ချက်ချင်းပင် ထွက်ခွာသွားကာ အနီးအနားတွင် ဆက်မနေတော့ပေ။

လင်းဖုန်းက ဘေးကနေ ကြည့်နေရင်း ယွဲ့ဟုန်ယန်က သူမ၏ အခန်းအတွင်းမှ အလောတကြီးနှင့် ထွက်လာသည်ကို တွေ့လိုက်ရ၏။ သူမကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေပုံပေါက်၏။

"ဆရာ၊ ဟိုလူက နှင်းမြေခွေးရဲ့ အူသံကို တုပြီးအော်ခဲ့တာပဲ။ နှင်းမြေခွေးက နှင်းမုန်တိုင်း နိုင်ငံမှာပဲ တွေ့ရတဲ့ တိရိစ္ဆာန်တစ်မျိုးပဲ။ ဒီလူက နှင်းမုန်တိုင်းကလူ ဖြစ်နိုင်တယ်ရှင့်" ရင်ခုန်သံတွေ မြန်နေခဲ့ပေမဲ့ ယွဲ့ဟုန်ယန်သည် လင်းဖုန်းအား တတ်နိုင်သမျှ အမြန်ဆုံး အစီရင်ခံလိုက်လေသည်။

လင်းဖုန်းက နေရာကနေ မထခဲ့ပဲ ပြုံးလိုက်ကာ အသံလွှင့်လိုက်သည်။ "ဒါဆိုရင်လည်း အနောက်ကနေ လိုက်သွားလိုက်လေ"

ယွဲ့ဟုန်ယန်သည် အသက်ပြင်းပြင်း ရှူလိုက်ကာ တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး၊ အနောက်ကနေ လိုက်သွားခဲ့သည်။

တစ်ဘက်လူမှာ ရှင်းယွင်တောင်ထိပ်၏ အတွင်းဘက်သို့ နက်ရှိုင်းစွာ ဝင်သွားခဲ့ပြီး၊ ယွဲ့ဟုန်ယန်သည် လင်းဖုန်း၏ အသိစိတ်နှင့်အတူ အနောက်ကနေ ထပ်ကြပ်မကွာ လိုက်သွားခဲ့သည်။

ထိုသူသည် ဂူပေါက်ဝ တစ်ခုသို့ ရောက်သောအခါ ရပ်လိုက်ပြီး၊ ယွဲ့ဟုန်ယန်ဘက်ကို လှည့်လိုက်ကာ ပြုံးပြလိုက်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now