အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း

416 52 0
                                    

အပိုင်း ၂၆၃ : ပြင်ပစွမ်းအားကို လိုအပ်ခြင်း

လျှပ်တပြက် အတွင်းတွင် လင်းဖုန်းသည် ကောင်းကင်စကြာဝဠာ အလင်းတန်း ကမ္ဘာ အတွင်းသို့ ရောက်သွားခဲ့သည်။ ဝမ်လင်းသည် မဟူရာကောင်းကင် ရတနာသစ်ပင်လေး၏ အောက်တွင် တင်ပုလ္လင်ခွေ ထိုင်နေခဲ့ကာ၊ သူ၏မျက်လုံးအစုံကို ပိတ်ထားခဲ့ကာ ကျင့်ကြံမှု အလယ်တွင် ရှိနေခဲ့သည်။

ဝမ်လင်း၏ခန္ဓာကိုယ် တစ်ခုလုံးကို အနက်ရောင် ဓာတ်ငွေ့ တစ်လွှာပြီး တစ်လွှာတို့သည် လွှမ်းပတ်ရစ်ခြုံ ထားကြကာ၊ ခရမ်းရောင် ဖျော့ဖျော့လေးဖြင့် လင်းလက်နေ၏။

ဖျက်ဆီးနိုင်မှု စွမ်းအား သဘောတရားတို့၏ အေးစက်သော ဟင်းလင်းပြင် အတွင်းတွင်၊ နတ်ဘုရားတို့၏ ဖန်ဆင်းခြင်းနှင့် မွေးဖွားခြင်းတို့ကို ဖွဖွလေး ခံစားမိနိုင်နေသည်။

ဒါသည် ဝမ်လင်း၏ မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်အား နက်ရှိုင်းစွာ သဘောပေါက် နားလည်နိုင်မှုတို့ကို ပြသနေခြင်း ဖြစ်ကြောင်းကို လင်းဖုန်းက သိလိုက်၏။ သူသည် အစမူလက ဖန်ဆင်းခြင်းနှင့် ဖျက်ဆီးခြင်း အစွန်းနှစ်ဘက်တို့တွင်၊ ဖျက်ဆီးခြင်း အမှန်တရား အချို့တို့ကို ဆုပ်ကိုင်နိုင်ပြီး ဖြစ်သည်။ ယခုအခါတွင် သူသည် ဖန်ဆင်းခြင်း၏ သဘောတရားတို့ကို ထိတွေ့နေနိုင်ပြီ ဖြစ်သည်။

ထိုနှစ်ခုတို့အား ပေါင်းစည်းလိုက်ခြင်းအားဖြင့်၊ သူသည် တစ်ဆို့ကြန့်ကြာနေသော အတားအဆီးတို့အား နောက်ဆုံးတွင် ချိုးဖောက်သွားနိုင်ခဲ့ကာ၊ စိတ်ဝိညာဉ် တာဝါအား စတင်ထူထောင်၍၊ အခြေခံအုတ်မြစ် အလယ်အလတ် အဆင့်ကို တက်လှမ်းနိုင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။

လင်းဖုန်းသည် သူ့အား အနှောက်အယှက် မဖြစ်စေခဲ့ပဲ သူ၏ဘေးနားတွင် ဆင်းသက်ခဲ့သည်။ စကားမပြောပဲနှင့်၊ သူသည် သူ၏ကိုယ်ပိုင် မှော်စွမ်းအင်တို့ကို ဖော်ထုတ်လိုက်ကာ၊ ခရမ်းရောင် ဓာတ်ငွေ့တစ်စုကို ဖန်ဆင်းလိုက်ကာ ဝမ်လင်းအား လွှမ်းခြုံလိုက်၏။

တစ်ဝက်မှာ ဝမ်လင်းအား ကာကွယ်စောင့်ရှောက်ရန်ဖြစ်ပြီး၊ ကျန်တစ်ဝက်မှာမူ ဝမ်လင်းက စိတ်ဝိညာဉ် တာဝါအား ထူထောင်သည့် အခါတွင် ဖြစ်ပေါ်လာမည့် ထူးခြားချက်တို့ကို စောင့်ကြည့်ရန်ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now