အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု

448 58 0
                                    

အပိုင်း ၂၇၁ : အသူရာ သူတော်စင်၊ ဟော်ရှု

မဟာချင်၏ မိသားစုကြီး လေးခုတို့တွင်၊ ဟော်မိသားစုသည် သတ်ဖြတ်ချင်းဖြင့် ဉာဏ်အလင်းပွင့်အောင် လုပ်ရသော အသူရာ နည်းစနစ်အား ကျင့်ကြံကြသည်။ သူတို့၏ သတ်ဖြတ်နိုင်စွမ်း ကြီးမားသော အန္တိမ သိုင်းကွက်ဖြစ်သည့် အသူရာ ကမ္ဘာဖျက် ဓားသွားသည်၊ ရှေးခေတ်က နတ်ဘုရား သတ်ဖြတ်ခြင်း ကျောင်းတော်၏ ကောင်းကင်ဘုံကို ဆန့်ကျင်သော လူသတ်ဓားနှင့်သာ ယှဉ်နိုင်လေသည်။

အစပထမက လင်းဖုန်းသည်၊ ရှေးခေတ်က နတ်ဘုရား သတ်ဖြတ်ခြင်း ကျောင်းတော်မှ ပျောက်ဆုံးနေသော နည်းစနစ်များကို လေ့ကျင့်နိုင်ခဲ့သည့် ဗိုလ်ချုပ်စဉ်းလဲနှင့်၊ ရှေးဟောင်းကမ္ဘာ စိမ့်မြေတွင် ရင်ဆိုင်ခဲ့ရဖူးသည်။ သို့သော်လည်း ဗိုလ်ချုပ်စဉ်းလဲမှာ ရွှေရောင်ဗဟိုချက် အဆင့်က ကျင့်ကြံသူ တစ်ယောက်သာ ဖြစ်ပြီး၊ သူ၏အရှေ့မှ အခြေတည်ဝိညာဉ် အဆင့်က အကြီးအကဲနှင့် တစ်တန်းတည်းထား၍ မရနိုင်ချေ။

မိစ္ဆာသခင် အဆင့်မှ ကျဲယုနှင့် ကွေနွားဘုရင်တို့အား ရင်ဆိုင်ခဲ့ရသည်နှင့်၊ သူ၏ မျက်လုံးအစုံတို့သည် လင်းလက်စွာ တောက်ပလာခဲ့သည်။ သူသည် သူတို့အား သတ်ဖြတ်ရန် ကြံစည်နေသည်နှင့် တူနေပြီး၊ သွေးဆာနေသော စိတ်များက အသက်ဝင်လှုပ်ရှားတော့မည့်ပုံ ပေါက်နေခဲ့သည်။

ကျဲယုနှင့် ကွေနွားဘုရင်တို့သည် နှစ်ယောက်စလုံး အသံတိုးတိုးဖြင့် ဟိန်းလိုက်ကြကာ၊ မကျေနပ်မှုတို့ကို ဖော်ပြလိုက်ကြ၏။

ဟော်မိသားစု၏ ကျင့်ကြံခြင်းသည် သတ်ဖြတ်ခြင်းအား အခြေခံထားသည်။ သူတို့သည် သူတို့ကိုယ့်ကိုယ် မထိန်းချုပ်နိုင်ခဲ့လျှင်၊ သူတို့သည် အစုလိုက် အပြုံလိုက် သတ်ဖြတ်ကြမည် ဖြစ်ကာ၊ တစ်ကမ္ဘာလုံး၏ ဘုံရန်သူများ ဖြစ်သွားကြမည် ဖြစ်သည်။

ရှေးခေတ်က နတ်ဘုရား သတ်ဖြတ်ခြင်း ကျောင်းတော်သည်လည်း ထိုကဲ့သိုပင် ပျက်စီးသွားရခြင်း ဖြစ်သည်။

ဟော်မိသားစုမှ အကြီးအကဲတို့သည် သူတို့၏ သင်ခန်းစာကို ယူလိုက်ပြီး၊ သူတို့၏ မိသားစု တစ်ခုလုံးကို လူသားကမ္ဘာ (နတ်ဘုရားနယ်မြေ)နှင့် မိစ္ဆာကမ္ဘာ (မဟာလွင်တီးခေါင် ကုန်းမြေ) တို့၏အကြားတွင် ဆက်သွယ်ထားသော ဒိုင်မန်းရှင်း အက်ကွဲကြောင်းများရှိရာ၊ မဟာချင် အင်ပါယာ၏ တောင်ပိုင်းသို့ ရွှေ့ပြောင်းလာကြသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now