အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?

392 49 0
                                    

အပိုင်း ၂၈၁ : ဘယ်သူက နှစ်ယောက်တစ်ယောက် တိုက်နိုင်သလဲ?

ရေခဲမီးတောက်၏ အဆုံးမဲ့ အလင်းတန်းများ အကြားတွင်၊ ယန်ချင်၏ ဖြူဖွေးနေသော မျက်နှာသည် ပို၍အရောင်ဖျော့လာခဲ့သည်။ သူသည် လှိုင်းထနေသော ပင်လယ်အကြားတွင် လူးလွန့်နေသော ကနူးလှေလေး တစ်စင်းနှင့် တူနေခဲ့သည်။ သူသည် မီးတောက်ပင်လယ်ကြီး၏ ဝါးမျိုမှုကို ခံလိုက်ရတော့မည်ကဲ့သို့ ဖြစ်နေခဲ့သည်။

ဤတိုက်ပွဲကို ကြည့်ရှုသုံးသပ်နေကြသော သူများအားလုံးက၊ ဖန်ကျုံးသည် ယန်ချင်အား တခဏတွင်းချင်းတွင် အနိုင်ယူနိုင်ခဲ့ကာ၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ အဆင့်တူလျှင် ဗိုလ်မထား ဟူသော အဆိုကို ဖျက်ဆီးနိုင်တော့မည်ဟု ထင်နေကြသည်။

အင်မော်တယ် ဝိညာဉ် အဆင့်မှ ကျင့်ကြံသူ အချို့သည်၊ ယန်ချင်သည် ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့၍ သူ၏ စွမ်းရည်မှာလည်း မညံ့ကြောင်းကို တွေ့နေရသည်။ သို့သော်လည်း သူတို့အတွင်းမှ တစ်ယောက်ကမှ ယခုကဲ့သို့ ရလဒ်မျိုးကို မမျှော်လင့်ထားကြပေ။

အစောပိုင်းက ဖန်ကျုံးသည် အားမာန်အပြည့်နှင့် သူ၏ အဆုံးမဲ့ ရေခဲမီးတောက်အား ထိန်းချုပ်နေခဲ့ကာ၊ ယန်ချင်ထံသို့ မိစ္ဆာတစ်ကောင်ပမာ ခုန်အုပ်နေခဲ့သည်။

နောက်ပိုင်းတွင် သူ၏ ရေခဲမီးတောက်မှာ ထုံးတမ်းမှ သွေဖီသွားခဲ့ကာ၊ လုံးဝကို ကျေပျက် လွင့်ပြယ်သွားခဲ့သည်။ "ကျယ်လောင်စွာ ခြိန်းသောမိုးသည်၊ သိပ်မရွာ"ဟူသော စကားနှင့် တူနေခဲ့သည်။

အချို့သူများမှာ ဖန်ကျုံးက မှော်ကျိန်စာ ထုတ်လွှတ်ရာတွင် အမှားတစ်ခုအား ပြုလုပ်မိသည်ဟု ထင်နေကြသည်။ သို့သော်လည်း ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများမှာ၊ ဖန်ကျုံး၏ ရေခဲမီးတောက်သည် ယန်ချင်၏ မဟာလမင်း အကြွင်းမဲ့ရေကြောင့် ပျက်စီးသွားရသည်ကို သဘောပေါက်နေကြသည်။

တောက်ပနေသော မြစိမ်းရောင် ရေစီးကြောင်းလေးသည် ရေခဲမီးတောက် အတွင်းသို့ ဝင်သွားအပြီးတွင်၊ သူသည် ပေါင်းစည်းသွားမည့်အစား၊ အဝါးမျို ခံလိုက်ရမည့်အစား၊ ရေခဲမီးတောက်၏ ပုံစံအတိုင်း ပြောင်းလဲသွားခဲ့သည်။ သူသည် ရေခဲမီးတောက် ပုံစံအတိုင်း ပြောင်းသွားခဲ့သော်လည်း၊ ယန်ချင်၏ ထိန်းချုပ်မှုကို ခံနေရဆဲဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now