အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း

383 50 0
                                    

အပိုင်း ၂၈၃ : အားလုံး၏ အာရုံစူးစိုက်မှုကို ဆွဲဆောင်ခြင်း

နေလဓားဂိုဏ်းမှ တပည့်များသည် စိတ်ရှုပ်ထွေးသွားကြသည်။

လီပင်ချင်း၏ နေမင်းအလင်းတန်း ဓားကျမ်းစာသည် တိုက်စက်ကို အလေးပေးကာ၊ ကျိုးယုဟွာ၏ လမင်းအလင်းရောင် ဓားကျမ်းစာသည် ထောင့်တစ်ထောင့်တွင် ပုန်းကွယ်နေကာ၊ လီပင်ချင်းအား အထောက်အကူပေးရန် ဖြစ်သည်။ လီပင်ချင်းက ပြိုင်ဘက်အား အာရုံလွင့်အောင် လုပ်ဆောင်ထားချိန်တွင်၊ သူမက ဝင်ရောက်တိုက်ခိုက်ရန် ဖြစ်သည်။

ပုံမှန်အချိန်တွင် သူမတို့ တိုက်ခိုက်လျှင် လီပင်ချင်းက ရန်သူအား တိုက်ခိုက်နေချိန်တွင်၊ သူမက အခွင့်ကောင်းကို ရှာနေရမည် ဖြစ်သည်။

သို့သော်လည်း ယွဲ့ဟုန်ယန်နှင့် ကျူးကော်ဖန်းလင်တို့၏ အပြုအမူများသည်၊ သူတို့နှင့် အတော်ပင် ဆင်တူနေကြသည်။ ထို့ကြောင့် လီပင်ချင်းနှင့် ကျိုးယုဟွာတို့သည် သူမတို့၏ ရန်သူများက၊ သူမတို့ကဲ့သို့ နည်းဗျူဟာများကို ကျင့်သုံးနေကြသည်ဟု ထင်နေကြ၏။

ထို့ကြောင့် သူတို့နှစ်ယောက်သည် ယွဲ့ဟုန်ယန်၏ တိုက်ခိုက်မှုများကို ရင်ဆိုင်နေရချိန်တွင်၊ သူတို့၏ ပတ်ဝန်းကျင်သို့ အာရုံဖြန့်ထားကြကာ၊ ကျူးကော်ဖန်းလင်၏ အချိန်အရွေး ဝင်ရောက်လာနိုင်မှုကို အသင့်ပြင်ထားကြသည်။

သူတို့သည် ကျူးကော်ဖန်းလင်၏ ကျင့်ကြံမှု အဆင့်မှာ အခြေခံအုတ်မြစ် စဦးပိုင်း အဆင့်တွင်သာ ရှိသေးသည်ကို သိထားကြသော်လည်း၊ ဝမ်လင်းနှင့် ယန်ချင်တို့မှာ သူတို့၏ တိုက်ခိုက်မှု စွမ်းရည်များကို ထုတ်ဖော်ပြသထားကြ၍၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းက သူများအား ကျင့်ကြံမှု အဆင့်နှင့် ဆုံးဖြတ်၍ မရသည်ကို သိထားကြသည်။

ထိုကြောင့်ပင်၊ ကျူးကော်ဖန်းလင်သည် ယခုအချိန်တွင် ဘာများလုပ်နေသနည်း?

လျှိုမြောင်များအကြားက တောအုပ်လေးထဲတွင်၊ ကျူးကော်ဖန်းလင်သည် သစ်ပင်ကြီး တစ်ပင်၏ အောက်တွင် တင်ပုလ္လင်ခွေ ထိုင်နေခဲ့သည်။ သူမ၏ ပြိုင်ဘက်နှစ်ယောက်သည် အခြေခံအုတ်မြစ် နောက်ဆုံး အဆင့်တွင် ရှိနေကြသည်ကို သိထားသဖြင့်၊ သူမ၏ ချီဓာတ်ကို တစ်စက်မှ မပျံ့လွင့်အောင် ထိန်းချုပ်နေခဲ့သည်။ သူမသည် ချီဓာတ် အနည်းငယ်မျှ ထုတ်လွှတ်မိပါက၊ သူမအား ရှာဖွေတွေ့ရှိသွားမည်ကို စိုးရိမ်ထိတ်လန့်နေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now