အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း

401 48 0
                                    

အပိုင်း ၂၈၄ : အမှန်တကယ် ပြိုင်ဘက်ကင်းမဲ့ခြင်း

လေဟာနယ် ဖျက်ဆီးခြင်း လှံတံနည်းစနစ်!

ယွဲ့ဟုန်ယန်သည် မဟာကောင်းကင် တာအိုကျမ်းစာ၏ အရေအတွက်သုံးခု အင်းရှစ်ကွက်ကို အသုံးချ၍၊ သူမ၏ နည်းစနစ်များအား ပိုမိုနားလည်လာနိုင် အပြီးတွင်၊ သူမသည် လေဟာနယ် ဖျက်ဆီးခြင်း လှံတံနည်းစနစ်ကို ဖန်တီးနိုင်ခဲ့သည်။ အဝီစိ ငရဲမုန်တိုင်းနှင့် တွဲလိုက်သော်၊ သူမသည် ရပ်တန့်၍ မရပ်နိုင်တော့ပေ။

လီပင်ချင်းနှင့် ကျိုးယုဟွာတို့သည် အတူတကွ ပူးပေါင်းတိုက်ခိုက်ကြသော်လည်း၊ သူမ၏ ပြိုင်ဘက်မဟုတ်ကြချေ။ ရွှေရောင်ဗဟိုချက် အဆင့်မှ ရွှေရောင်ဖျော့ဖျော့ ဓားအလင်းတန်းလေးသည်၊ လေဟာနယ် ဖျက်ဆီးခြင်း လှံတံနည်းစနစ်နှင့် စတင်ထိတွေ့လိုက်သည် အချိန်မှာပင် ချက်ချင်းပျက်စီးသွားခဲ့သည်။

လေဟာနယ်ကို ဖြိုခွဲနိုင်သော ဖွတ်ဖွတ်ညက်ညက်ကြေစေသည့် တိုက်ခိုက်မှုနှင့် ကြုံရသည့် အချိန်တွင်၊ ပုန်းကွယ်နေသော နဂါးချောက်သည် တုံ့ပြန်ရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ဖြူဖျော့သွေးဆုတ် နေကြသော မျက်နှာအစုံနှင့် လီပင်ချင်းနှင့် ကျိုးယုဟွာတို့၏အစား၊ ယွဲ့ဟုန်ယန်၏ လှံတံအား ခုခံပေးခဲ့သည်။ ထိုအချိန်တွင်ပင် အနိုင်အရှုံးအား ဆုံးဖြတ်ပြီးသား ဖြစ်သွားခဲ့သည်။

ယွဲ့ဟုန်ယန်သည် အရေအတွက် အားနည်းချက်နှင့် ရင်ဆိုင်ရသည့်တိုင်အောင်၊ သူမသည် နေလဓားဂိုဏ်း၏ စုံတွဲအား ကျော်လွှားနိုင်အောင် စွမ်းဆောင်နိုင်ခဲ့သည်။

မြောက်ပိုင်းလေပြင်း ပင်လယ်မှ တိုက်ပွဲသည်၊ ယွဲ့ဟုန်ယန်အား နေရာဒေသ အသီးသီးတွင် ထင်ရှားကျော်ကြားစေခဲ့သည်။ အားလုံးသည် သူမအား နောက်မျိုးဆက်တွင် ထွန်းတောက်လာသော ကြယ်ပွင့်တစ်ပွင့်အဖြစ်၊ ရှာမှရှားသော ပါရမီရှင်လေး အဖြစ် သိသွားကြသည်။

ထိုအချိန်တွင်ပင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်းမှ တပည့်တို့၏ စွမ်းရည်ကိုလည်း၊ ထုတ်ဖော်ပြသပြီးသား ဖြစ်သွားခဲ့သည်။

သူတို့သည် အဆင့်တူ အတွင်းမှ ပြိုင်ဘက်များ အားလုံးကို အနိုင်ယူနိုင်စွမ်း ရှိကြသည်။ သူတို့ကို တစ်ယောက်ချင်းချလျှင်၊ အနိုင်မယူနိုင်ကြပေ။ အခုဆိုလျှင် သူတို့အား လူအင်အားနှင့် ဝိုင်းတိုက်လျှင်ပင်၊ အနိုင်ယူနိုင်မည့်ပုံ မပေါ်နေပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now