30.2

3.1K 329 11
                                    

လော့ချန်ချန် တချိန်က သူမ အိမ်မက်တွေ အမုန်းတွေ ပြည့်နေခဲ့တဲ့ အိမ်ကြီးကို ကြည့်ပြီးထွက်သွားတော့သည်။

လမ်းမပေါ်မှာ တစ်ယောက်တည်းလျှောက်ရင်း လမ်းပျောက်နေသလို ဘယ်သွားရမလဲလည်းမသိ အိမ်ကို? သူမအိမ်ကဘယ်မှာလဲ? သူမ အဖေက မြို့လယ်မှာ တိုက်ခန်းတစ်ခန်းဝယ်ထားပေမယ့် အိမ်ပိုင်ရှင် အမျိုးသမီးးက မကြာခင်ပြောင်းတော့မှာ ဆိုတော့ သူမ ထပ်ပြီးနှင်ထုတ်ခံရမှာပဲ (ဒီနား သိပ်နားမလည်)

ပြီးတော့ အရင်က သူမကိုတွေ့ရင် သိပ်ပျော်တဲ့ သူမ အဖေက အခုကျ သူမကို မမြင်ချင်တော့ဘူးလေ

လော့ယွမ်ဇီက ဖန်အဝတ်အစား ကုမ္ပဏီရဲ့ အထွေထွေ မန်နေဂျာ မဟုတ်တော့ဘူးလေ ပြီးတော့ အခုနှစ် ကုမ္ပဏီအသစ်ရဲ့ အထွေထွေမန်နေဂျာ စွမ်းရည်က သူ့ထက်အများကြီးသာလွန်နေပြီးတော့ စီအီးအိုရဲ့ ခင်ပွန်းဆိုတဲ့ ဂုဏ်ကို သူအားမကိုးနိုင်တော့သလို သူနဲ့ဖန်ရှီလဲ့ကွာရှင်းတဲ့ သတင်းကလည်း ပြန့်သွားတော့တာပဲ ဆိုတော့ ကောလဟာလတွေ အကဲခတ်နေတဲ့ မျက်လုံးတွေက သူ့ကို အသက်ရှုကြပ်စေတာကြောင့် သူကွာရှင်းလိုက်တော့တာပဲ

ဒါမဲ့လည်း ဒါက အကျပ်အတည်းရဲ့ အစပိုင်းပဲရှိသေးမယ်လို့သူမထင်ထားခဲ့ဘူးလေ ဘယ်ကုမ္ပဏီမှ သူ့ကိုမသုံးချင်ကြဘူးလေ သူက အသက် ၅၀ ဖြစ်နေပြီ ပြီးတော့ စီးပွါရေး စက်ဝိုင်းက ဘယ်လောက်ကျယ်လဲ သတင်းနည်းနည်းလောက်ပြန့်ပြီး လူတိုင်းသိသွားတာနဲ့ စီးပွါးရေးလောကမှာ သူက ဟာသတစ်ခုဖြစ်သွားတာပဲ

ယခင်စိတ်အားထက်သန်မှုတွေကလည်း ဘဝမှာ သက်သောင့်သက်သာနေခဲ့ရတဲ့အချိန်တွေမှာပျောက်ကွယ်သွားခဲ့တော့ ဘယ်သွားရမှန်းမသိ ဘာလုပ်ရမှန်း မသိဖြစ်နေတော့တာပဲ

လူတစ်ဦးက အဆိုးမြင်စိိတ်စတင်လာတာနဲ့ ဆက်တိုက်ပြီး အဆိုးမြင်လာတော့တာပဲ သူဖန်ရှီလဲ့နဲ့ ကွာရှင်းခဲ့တာကိုတောင် နောင်တရလာသလို သူလုပ်ခဲ့တဲ့ များစွာသော အမှားတွေအတွက်လည်း နောင်တရလာမိသည်လေ

အဆုံးကျ သူလော့ချန်ချန်ကိုမုန်းသွားတော့တာပဲ သူ့ကိုအရာအားလုံးဆုံးရှုံးအောင်လုပ်ခဲ့တဲ့ အရင်းမြစ်ကိုပေါ့

Every Vicious woman needs a Royal husband (mm translation) Where stories live. Discover now