အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း

390 55 0
                                    

အပိုင်း ၂၈၆ : အချင်းချင်း ပဋိပက္ခ ဖြစ်ကြခြင်း

ယန်ချင်၏ အဖြေကို ကြားရပြီးနောက်တွင်၊ ရှောင်ပုတန်လေးသည် ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ ခဏကြာပြီးနောက်တွင်၊ သူသည် ယန်ချင်၏ကျောကို ခပ်ပြင်းပြင်း ရိုက်လိုက်ပြီး၊ "စစ်မရောက်ခင် မြားကုန်နေတယ်ဆိုတာ မဖြစ်သင့်ဘူး!"

"သူမက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး" တစ်ဘက်က ပြန်ဖြေလိုက်၏။

"ငါတို့က တစ်ဂိုဏ်းထဲက ဆိုတော့၊ ငါက ရှုံးမယ်မှန်း သိသိနဲ့ ပြိုင်နေလို့လည်း အဓိပ္ပာယ် မရှိဘူး"

လင်းဖုန်း၏ အကြည့်သည် ယန်ချင်အပေါ်သို့ ကျရောက်လာခဲ့သည်။ "တကယ်မပြိုင်ရသေးပဲ၊ အနိုင်အရှုံးကို ဘယ်သူက သိမှာလဲ? မင်းက မင်းပိုအားနည်းတယ် ဆိုတာကို သိပေမဲ့၊ ငါမျှော်လင့်တာက ယှဉ်ပြိုင်ရဲတဲ့ သတ္တိပဲ"

"ပြီးတော့လည်း၊ ရှုံးနိမ့်ခြင်းကနေ အမြဲတမ်း သင်ခန်းစာ ယူနိုင်တာပဲ"

"တောင်းပန်ပါတယ် ဆရာသခင်၊ ကျွန်တော်က မှားသွားပါတယ်" ယန်ချင်က ယွဲ့ဟုန်ယန်ဘက်ကို လှည့်လိုက်ကာ "စီနီယာ၊ စီနီယာနဲ့ ယှဉ်ပြိုင်ရတဲ့အတွက် ဂုဏ်ယူပါတယ်"

"ကျေးဇူးပြုပြီး ကြွပါ" ယွဲ့ဟုန်ယန်က ပြန်ဖြေလိုက်သည်။
သူတို့နှစ်ယောက်သားတို့သည် ကွင်းအတွင်းသို့ ရင်ဘောင်တန်း၍ လျှောက်သွားကြသည်။

အနောက်မှနေ၍ ရှောင်ပုတန်လေးက ရုတ်တရက် အော်ဟစ်လိုက်သည်။ "နံပါတ်ငါး စီနီယာ! ကောင်းကောင်းချဗျ! တကယ်ပဲ မနိုင်နိုင်တော့ဘူး ဆိုရင်လည်း၊ အရှုံးပေးလိုက်လို့ ရတာပဲ!"

"ကောင်စုတ်လေး" ယန်ချင်သည် နောက်ပြန်လှည့်လိုက်ကာ၊ ရှောင်ပုတန်လေးအား မျက်စောင်းတစ်ချက် ပစ်လိုက်သည်။ ရှောင်ပုတန်လေးသည် ဘာကိုမှ မမြင်မကြားသကဲ့သို့ ဟန်ဆောင်နေခဲ့သည်။

ဇူရီနှင့် ကျန်သောသူများသည် စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါလိုက်ကြသည်။ အမှန်တကယ်တွင်လည်း ရှောင်ပုတန်လေး ပြောသည်မှာ မမှားလှပေ။ သူတို့နှစ်ယောက်သည် ဂိုဏ်းတစ်ဂိုဏ်းတည်းမှ ဖြစ်ကြသည်။ အတူတူ လေ့ကျင့်ကြသူများ ဖြစ်ကြကာ၊ တစ်ယောက်နှင့်တစ်ယောက် ရန်ငြိုးရန်စလည်း မရှိကြပေ။ လက်မြှောက်အရှုံးပေးလိုက်သည်မှာ ဘာမှမမှားပေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now