Chapter - 52 (U+Z)

10.2K 1.7K 193
                                    

//Unicode//

အခန်း 52 - ပြန်လည်ဆုံဆည်းခြင်း

စုလင်း ခဏလောက်စဉ်းစားပြီး နီအန်းကို ​မေးလိုက်သည်။

“ဘယ်ဈေးဆို သင့်​တော်​လောက်မယ်လို့ထင်လဲ”

နီအန်းက ​ချင့်ချိန် တွေးဆလျက် ​ပြောလာသည်။

"ရှန်းမိုယွီရဲ့ ကုန်ကြမ်းက စစ်တပ်အတွက် အရမ်းအရေးပါတယ်။ အာကာသထဲက အမှောင်ထု​တွေကြောင့် ပျက်စီးထိခိုက်သွားတဲ့ အရာတွေကို ကုသပေးနိုင်တယ်။ ဆိုလိုတာက စစ်တပ်ရဲ့ တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်တယ်။"

"ကျွန်​တော်တို့ဂြိုဟ်က ထူးချွန်တဲ့ စစ်သားတိုင်းအတွက် အချိန်၊ စွမ်းအင်နှင့် ငွေကြေးများစွာကို သုံးစွဲခဲ့တယ်။ ထူးချွန်ထက်မြက်တဲ့ ဗိုလ်ချုပ်​တွေအများအပြားက အမှောင်ထုကြောင့် နာမကျန်းမှုကို ခံစားနေရပြီး သူတို့ရဲ့ ပြန်လည်ကောင်းမွန်လာမှုက စစ်တပ်အတွက် အရမ်းအရေးကြီးတယ်။"

“ကုန်ကြမ်းဘယ်လောက်ပဲဈေးကြီးနေပါ​စေ ထိရောက်မှုသာရှိမယ်ဆို ကျိုးကြောင်းဆီလျော်မှုရှိနေဆဲပဲ။ဒါပေမယ့် စစ်တပ်က ကုန်ကြမ်းတွေအကုန်ဝယ်ပြီး အချိန်အကြာကြီးစုထားဖို့ ရည်ရွယ်ထားရင်​​တော့ ကုန်ကြမ်း​စျေး အရမ်းကြီး​နေရင် သူတို့အတွက် ကုန်ကျစရိတ်က ကြီး​နေလိမ့်မယ်။"

အစောပိုင်းက အဆိုပါအဖွဲ့ကို ဦးဆောင်သူတဦးက ဆိုလာသည်။

"မင်းတို့ စျေးမတက်သရွေ့ စစ်တပ်က လက်ခံနိုင်တယ်။ စစ်တပ်က လူတစ်ဦးချင်း ဒါမှမဟုတ် ပုဂ္ဂလိက ကုမ္ပဏီတွေဆီကနေ ပစ္စည်းတွေဝယ်တဲ့အခါတိုင်း စျေးကွက်ပေါက်ဈေးအတိုင်း ပေးချေတာမို့ မင်းကို အခွင့်ကောင်းမယူပါဘူး။"

စုလင်း ခဏလောက် ​တွေးဆကြည့်ပြီး​နောက်

"ဒါဆို ကျွန်တော်တို့​ ​စျေးနှုန်းကို အဆင့်မြင့် အ​မှောင်ထု inhibitorနဲ့ အတူတူထားလိုက်မယ်"
(အာကာသထဲက အ​မှောင်ထုကို ကာကွယ်တားဆီး​ပေးနိုင်တဲ့ကိရိယာ)

စုလင်း ၏ စကားကြောင့် စစ်သားလေးယောက်လုံး အံ့ဩသွားကြသည်။ အစပိုင်းက ကုန်ကြမ်းသည် အရေးကြီးကြောင်း သိပြီးနောက် သူတို့က စုလင်း အမြတ်ပိုရရန် စျေးနှုန်းမြှင့်မည်ကို စိုးရိမ်ခဲ့ကြသည်။ ဒါပေမယ့် ဒီလောက် သက်သာတဲ့ စျေးနှုန်းကို သတ်မှတ်ဖို့ မမျှော်လင့်ထားခဲ့ပါ​ချေ။

ဥက္ကဋ္ဌကြီးရဲ့ အိုမီဂါဇနီး​လေးအဖြစ် ပြန်လည်​မွေးဖွားခြင်းWhere stories live. Discover now