အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ

362 49 0
                                    

အပိုင်း ၂၉၇ : စိတ်ဓာတ်စစ်ပွဲများ

စကားတစ်ခွန်းမှ မပြောခဲ့ပဲ ဟော်မင်သည် အရှေ့သို့ ထွက်လာကာ၊ ထိုအနက်ရောင် မီးတောင်ကျောက်တုံးအား ခုတ်ချလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် မြောက်ပိုင်းမျိုးနွယ်စုမှ လူအား၊ ကျောက်တုံးအား တစ်ခေါက် ဖြတ်တောက်ခြင်းအတွက် ပေးလိုက်သည်။

ဇူရီသည် သူ၏မျက်ခုံးတို့အား ပင့်လိုက်ကာ သူလည်း ကျောက်တုံးကို ဖြတ်တောက်ရန်၊ မိုးကြိုးပဲ့တင်သံ ဆေးလုံးငါးလုံးအား ထိုမြောက်ပိုင်း မျိုးနွယ်စုမှ ကျင့်ကြံသူအား ပေးလိုက်သည်။ ထို့နောက်တွင် သူသည် သူ၏ဓားအား ထုတ်လိုက်ကာ ဓားချက်နှစ်ချက် ထုတ်လိုက်၍၊ ဟော်မင်၏ လှံရှည်အား တားဆီးလိုက်သည်။

ဟော်မင်ထံမှ သတ်ဖြတ်လိုစိတ်သည် ဟုန်းကနဲ ထွက်လာခဲ့သည်။ သူ၏ လှံရှည်မှ ကြောက်မက်ဖွယ် အော်ရာတစ်ခုသည် ထွက်လာခဲ့၍၊ ခက်ထန်သော အသူရာ ကမ္ဘာဖျက် ဓားသွားအဖြစ် ပြောင်းသွားခဲ့သည်။ သူ၏ပစ်မှတ်မှာ အနက်ရောင် မီးတောင်ကျောက်တုံးနှင့် ဇူရီတို့ပင် ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်နှင့် လှံတံတို့၏ အနေအထားကို ကြည့်ရလျှင်၊ သူသည် ဇူရီနှင့် မီးတောင် ကျောက်တုံးတို့အား နှစ်ပိုင်းပိုင်ချင်နေသည်မှာ သိသာနေသည်။

ကျန်သောသူများက ထိုမြင်ကွင်းအား ကြည့်ရသော်၊ သူတို့သည် ဟော်မင်နှင့် ဇူရီတို့အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ကြသည်။

ကျောက်တုံးအား ပထမဦးဆုံး ဖြတ်တောက်ခြင်းသည် အသာစီးရခြင်း မဟုတ်ပဲ၊ သူ၏ အားထုတ်မှုများသည် အလဟသဖြစ်သွားကာ၊ သူ၏ပြိုင်ဘက်အား ကူညီပေးသကဲ့သို့ ဖြစ်သွားနိုင်ကြောင်းကို အားလုံးကလည်း သိနေကြ၏။

သို့သော်လည်း နောက်ကျမှ ဖြတ်တောက်ရန် ဆုံးဖြတ်ခြင်းမှာလည်း၊ ပြိုင်ဘက်အား အနိုင်ရရန် အခွင့်အရေး ပေးသကဲ့သို့ ဖြစ်သွားကာ၊ နောင်တရရန် နောက်ကျသွားပေလိမ့်မည်။

ကံကောင်းခြင်းကို ပြိုင်ဆိုင်သည့် ကစားပွဲ ဖြစ်သလို၊ ကျောက်တုံးအား ဖြတ်တောက်ရန် ပေးရသည့် အခကြေးငွေကလည်း လူများ၏ စိတ်ဓာတ်အား စမ်းသပ်သကဲ့သို့ ဖြစ်နေသည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now