အပိုင်း ၃၀၃ : ဆရာတူတပည့်

411 54 1
                                    

အပိုင်း ၃၀၃ : ဆရာတူတပည့်

ရှောင်ပုတန်လေးသည် လင်းဖုန်း၏ အင်္ကျီစများကို ဆွဲထားခဲ့ပြီး၊ အနိုင်အကျင့်ခံထားရ၍ မိဘ၏ အကူအညီကို ရှာနေသော ကလေးလေး တစ်ယောက်၏ သနားစရာ အကြည့်မျိုးကို ဖမ်းထားခဲ့သည်။ အလွန်ပင် သရုပ်ဆောင် ကောင်းလှ၏။

သို့သော်လည်း ရှီကျုံးယွဲ့တို့၏ မျက်စိအတွင်းမှ မြင်ကွင်းများသည်၊ ဒုက္ခများ အပြည့်နှင့် မည်းမှောင်နေခဲ့သည်။

မီးခိုးရောင် ဝတ်စုံနှင့် အဘိုးကြီးက လုပ်ကြံသတ်ဖြတ်ခဲ့ချိန်တွင် သူတို့က ဤနေရာသို့ ရောက်လာစဖြစ်ပြီး၊ မြင်ကွင်းများကို မျက်ဝါးထင်ထင် မြင်ခဲ့ရ၏။ မဟာကစဉ့်ကလျား ဂင်္ဂါသဲဒိုင်းသည် ထိုတိုက်ခိုက်မှုကို ခုခံကာကွယ်ပေးခဲ့၍၊ ရှောင်ပုတန်လေး၏ အသက်ကို ကယ်ခဲ့လိုက်သည်။

သူတို့သည် ထိုအပိုင်းကို လွတ်သွားသည် ဆိုလျှင်ပင် သူတို့၏ ကျင့်ကြံမှု အဆင့်အတန်းနှင့် ဆိုလျှင်၊ ရှောင်ပုတန်လေးသည် လုံးဝ ဘာမှမဖြစ်ပဲ မှဲ့တစ်ပေါက်လေးပင် မစွန်းသည်ကို၊ ချက်ချင်းပင် သိနိုင်ပေသည်။

ရှောင်ပုတန်လေးသည် အတွင်းဒဏ်ရာရော၊ အပြင်ဒဏ်ရာပါ တစ်စက်မှ မရခဲ့ပေ။ သူသည် အမှန်ဆိုလျှင် အလွန်ပင် ကျန်းမာကြံ့ခိုင်နေကာ၊ ကမ္ဘာတစ်ပတ်ပတ်၍ ပြဿနာပေါင်း သောင်းခြောက်ထောင် ရှာနိုင်သေးရန် စွမ်းအားအပြည့် ရှိသေးသည်ဖြစ်၏။

ရှောင်ပုတန်လေးသည် လင်းဖုန်း၏ တပည့်ဖြစ်သည်။ ထို့ကြောင့် ရှီကျုံးယွဲ့တို့သည် လင်းဖုန်း၏ အရှေ့တွင် သူ့အား ဆုံးမရန် မသင့်တော်ပေ။ သို့ဖြစ်၍ သူတို့သည် သူ့ဆရာက သူ၏တပည့်အား မလိမ်ညာပဲ ဟန်ဆောင်ခြင်းမှ ရပ်တန့်စေရန် ဆုံးမမည်ဟု မျှော်လင့်နေကာ၊ လင်းဖုန်းအား ကြည့်လိုက်ကြ၏။

လင်းဖုန်းသည် စိုးရိမ်နေသည်ပုံဖြင့် ရှောင်ပုတန်လေးကို အရှေ့သို့ ဆွဲခေါ်လိုက်ကာ၊ သူ့အား အချိန်အတန်ကြာမျှ စစ်ဆေးနေခဲ့သည်။ ပြီးတာနှင့် သူပြောလိုက်သောစကားသည်၊ ရှီကျုံးယွဲ့နှင့် ကျန်သောသူများအား ပါးစပ်အဟောင်းသာ ဖြစ်သွားကာ၊ ကြံရာမရ ဖြစ်သွားစေခဲ့သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now