အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း

413 51 1
                                    

အပိုင်း ၃၀၄ : ဟွမ်ဟိုင် စိတ်ဝိညာဉ် အစည်းအဝေး ပြန်လည်စတင်ခြင်း

ရှောင်ပုတန်လေးသည် အလိုက်သိတတ်၍ တရားလွန် တောင်းဆိုခြင်းများ မပြုနိုင်ဟု ခံစားနေခဲ့ရသော်လည်း၊ ရှီကျုံးယွဲ့သည် သူ၏စကားကို တိုးသာဆုတ်သာရှိအောင် ပြောထားသည်။

"မင်းနဲ့သင့်တော်တာမှန်သမျှ၊ မင်းလိုချင်ရင် မင်းရဲ့ဟာ ဖြစ်စေရမယ်" ထိုစကားချီးသည် သူတောင်းဆိုသော အိုင်တမ်သည် ရှောင်ပုတန်လေးနှင့် သင့်တော်ရမည် ဖြစ်သည်။ 'သင့်တော်'ဟူသော စကားလုံးသည် မဖြစ်နိုင်သော တောင်းဆိုချက်များအား ပေါ်ပေါက်လာပါက၊ ငြင်းပယ်နိုင်ရန် ထည့်သွင်းထားခြင်း ဖြစ်သည်။

ရှောင်ပုတန်လေး၏ တောင်းဆိုချက်များသည် အလွန်အမင်း တစ်ဘက်သက် မဆန်နေသလို၊ သူအသုံးပြု၍ရသော ပစ္စည်းများသာ ဖြစ်ကြ၏။ တစ်စုံတစ်ယောက်ကမှ ငြင်းပယ်နိုင်မည် မဟုတ်ချေ။ သို့သော်လည်း ရှီကျုံးယွဲ့နှင့် ရောင်းရင်းများမှာ ကျောက်ရုပ်ကြီးများကဲ့သို့ တောင့်တောင့်ကြီး ဖြစ်သွားကြကာ၊ ပါးစပ်အဟောင်းသား ဖြစ်သွားကြရလေသည်။

"ကျွန်တော်က ရွှေသမင် တစ်စုံလိုချင်တယ်၊ အထီးတစ်ကောင်၊ အမတစ်ကောင်"

"ကျွန်တော်က အနက်ရောင် စိတ်ဝိညာဉ် မြွေနဂါး တစ်စုံလည်း လိုချင်တယ်၊ အထီးတစ်ကောင်၊ အမတစ်ကောင်"

"ကျွန်တော်က လိပ်ပြာနဂါး မြက်ပင်ဆယ်ချောင်း လိုချင်တယ်။ ဆယ်ချောင်းက သိပ်များတယ်လို့ထင်ရင်၊ ရှစ်ချောင်းလည်း ရတယ်"

"ကျွန်တော်က ရှီးလင်မြို့တော်ဟာ၊ သူ့ရဲ့ ရှားပါးတဲ့ ဒေသထွက် သစ်သီးတွေနဲ့ နာမည်ကြီးတယ်ဆိုတာ ကြားဖူးတယ်။ ကောင်းကင်မြစ်နာရီ သစ်သီး၊ ခရမ်းရောင်ကျောက်စိမ်း ဖရဲ၊ သန့်စင်သော မီးသစ်တော်နဲ့ ရွှေရောင်မူလသစ်သီး - ကျွန်တော်က သူတို့ကိုလည်း လိုချင်တယ်။ တစ်မျိုးကို တစ်ပင်ဆိုရင် ရပြီ"

ရှောင်ပုတန်လေး ပါးစပ်စဖွင့်လိုက်သည်နှင့်၊ နာမည်များသည် မြစ်ရေစီးသကဲ့သို့ တရဟော စီးဆင်းလာခဲ့သည်။ ရှီကျုံးယွဲ့၊ ရွှင်ပျော်ပျော် သူတော်စင်နှင့် ကျူးကော်ကွမ်းတို့သည်၊ အသံတစ်စက်မှ မထွက်နိုင်ခဲ့ချေ။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now