အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်

432 55 0
                                    

အပိုင်း ၃၀၅ : ပြိုင်ကွင်းသည် စွမ်းဆောင်ရည် ပြသဖို့ စင်မြင့်ဖြစ်သည်

ရှီရှင်းယွမ်သည် လင်းဖုန်း၏ အရှေ့ကို လျှောက်လာလိုက်ကာ၊ သူ့အား နှုတ်ဆက်လိုက်သည်။ လင်းဖုန်းက သူ၏ခေါင်းအား စောင်းကြည့်လိုက်ကာ၊ ပြန်တုံ့ပြန်လိုက်သည်။ "မင်းသမီးရှင်းယွမ်က သိပ်ပြီး ရိုသေနေစရာ မလိုပါဘူး"

"တစ်နေ့မှာ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း ခေါင်းဆောင်က၊ ကျွန်မကို အကြံဉာဏ် ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါဆိုရင် ကျွန်မအတွက် ဂုဏ်ယူစရာ ဖြစ်ပါလိမ့်မယ်" ရှီရှင်းယွမ်သည် ပြီးနောက် ဇူရီဘက်သို့ လှည့်လိုက်သည်။ "ကျွန်မရဲ့ မိတ်ဆွေတစ်ယောက်က အရင်က ရှင့်ကို စော်ကားမိပါတယ်။ သူ့ကို ခွင့်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါတယ်"

ဇူရီသည် သူ၏အရှေ့မှ အဝါရောင် ဝတ်စုံနှင့် မိန်းကလေးအား ကြည့်လိုက်ကာ၊ တည်ငြိမ်စွာ ပြန်ဖြေလိုက်၏။ "ဘာမှ ခွင့်လွှတ်စရာ မလိုပါဘူး။ နားလည်မှု လွဲမှားရုံ သက်သက်ပါပဲ"

ဇူရီသည် သူ၏ အင်္ကျီလက်စအား ဝှေ့ယမ်းလိုက်ရာ၊ ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်သည်၊ သူ၏ လက်ဖဝါး အလယ်တွင် ပေါ်လာခဲ့သည်။ မန်ဒလာ ပန်းတစ်ပွင့်သည် အလင်းနှင့် အမှောင်ကြားတွင် တုန်ခါနေသကဲ့သို့ ဖြစ်သည်။

သူ၏အလယ်တွင်ကား၊ မင်းတု၏သွားကို ရရှိရန် ကျောက်တုံးအား ဖြတ်တောက်ရာတွင်၊ ဇူရီအား အခွင့်ကောင်းယူ၍ အမြတ်ထုတ်ရန် ကြံစည်ခဲ့သော အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူငယ်ဖြစ်သည်။

ဇူရီသည် သူ၏ နယ်နိမိတ်အား ဖယ်ရှားလိုက်ရာ၊ ထိုလူငယ်သည် မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။ သူကဘာမှ မပြောနိုင်မီ၊ ရှီရှင်းယွမ်သည် အပြုံးဖွဖွလေးနှင့် သူ၏အရှေ့သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်သည်။

အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးနှင့် လူငယ်သည်၊ တုန်ခါသွားကာ ရေရွတ်လိုက်သည်။ "ရှင်းယွမ်မင်းသမီး"

ရှီရှင်းယွမ်သည် သူ၏ခေါင်းကို အသာညိတ်လိုက်ကာ၊ ပြန်ဖြေလိုက်သည်။ "ငါတို့က ရှီးလင်မြို့ကို ပြန်ရောက်ရင်၊ မင်းက ကလန်ခန်းမကို သွားရမယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now