အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း

416 53 0
                                    

အပိုင်း ၃၀၆ : ပြောင်းပြန်ဖြစ်မှုအား ဖော်ထုတ်ခြင်း

အားလုံးက အလွယ်တကူ အနိုင်ရမည်ဟု ယုံကြည်နေကြသော အချိန်တွင်၊ သင်က အနိုင်မရခဲ့မှသာ သူတို့က ပုံမှန်မဟုတ်ဟု ယူဆကြမည် ဖြစ်သည်။ ဒါသည် ရေပန်းစားမှုကို မြှင့်တင်နိုင်သော နည်းလမ်းများ အနက်မှ တစ်ခုဖြစ်ခြင်းကြောင့်၊ လင်းဖုန်းသည် စနစ်အတွင်းမှ ရေပန်းစားမှု စနစ်၏ ကိန်းဂဏန်းများကို ကြည့်ကာ ပြုံးဖြီးဖြီး ဖြစ်နေရခြင်း ဖြစ်သည်။

ပထမ အဆင့် ပြီးဆုံးသွားသည့်အခါ ကျန်ရှိနေကြသော ပြိုင်ပွဲဝင်သူများအနက်၊ တိုက်ဆိုင်လှစွာ ဂိုဏ်းကြီးရှစ်ဂိုဏ်းမှ တပည့်များသည်၊ နောက်တစ်ဆင့်သို့ နှစ်ယောက်ဆီ တက်ရောက်နိုင်ခဲ့ကြသည်ကို တွေ့ခဲ့လိုက်ရသည်။

ခဏအကြာတွင် ဒုတိယ အဆင့်အတွက် မဲနှိုက်မှုများကို စတင်တော့မည် ဖြစ်သည်။ ပထမ စိန်ခေါ်မှု အပြီးတွင် ကျန်နေကြသော သူများအားလုံးမှာ၊ ဂိုဏ်းအသီးသီးမှ ထိပ်တန်းတပည့်များသာ ဖြစ်ကြသည်။ သူတို့သည် ပါရမီရှင်များ အကြားမှ ပါရမီရှင်၊ သန်မာသူများ အကြားမှ သန်မာသူများ ဖြစ်ကြပေသည်။

ထို့ကြောင့်ပင် နောက်ဆုံး ၁၆ယောက် အဆင့်မှစ၍၊ ပြိုင်ပွဲများ အားလုံးသည် အကြိတ်အနယ် ဖြစ်နေကြမည် ဖြစ်သည်။ စောင့်ကြည့်နေကြသူများ အားလုံးကလည်း၊ နောက်ဆုံး၁၆ယောက်တို့၏ ပွဲစဉ်များ ထွက်ပေါ်လာမည်ကို မစောင့်နိုင် ဖြစ်နေခဲ့ကြသည်။

ရွှေရောင်ဗဟိုချက် အဆင့်မှ ယှဉ်ပြိုင်သူ နောက်ဆုံး ၁၆ယောက် စလုံးတို့သည်၊ ရှေးဟောင်း ဟွမ်ဟိုင်ကမ္ဘာ အတွင်းသို့ ဝင်နိုင်ခဲ့ပြီ ဖြစ်သော်လည်း၊ အားလုံးတို့၏ အာရုံများသည် ပြိုင်ပွဲဝင်များ၏ အဆင့်သတ်မှတ်ချက်ကို စူးစိုက်ထားကြသည် ဖြစ်သည်။ ရွှေရောင်ဗဟိုချက် အဆင့်ကသာလျှင် တစ်ယောက်၏ အလားအလာများကို ဖော်ပြနိုင်သဖြင့်၊ အခြေခံအုတ်မြစ် အဆင့်က တပည့်များ၏ ယမန်နေ့က ပြိုင်ပွဲသည် ယနေ့ပြိုင်ပွဲအတွက် သွေးပူလေကျင့်ခန်းသာ ဖြစ်ခဲ့သည်။

ယခုအချိန်မှစပြီး ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲတိုင်းတွင် ပါဝင်ကြမည့် ရွှေရောင်ဗဟိုချက် အဆင့်မှ ကျင့်ကြံသူများသည်၊ သူတို့၏ ဂိုဏ်းများမှ လူငယ်မျိုးဆက်များတွင် အကောင်းတကာ့ အကောင်းဆုံး ပါရမီရှင်လေးများ ဖြစ်ကြသည်မှာ ငြင်းချက်ထုတ်ဖွယ်ရာ မရှိချေ။ သူတို့၏ အလားအလာများသည် အဆုံးမဲ့ကာ၊ သူတို့၏ စွမ်းရည်များသည် ထူးခြားထက်မြက်ကြ၏။ သူတို့သည် ကျန်သောသူများထက် နိမ့်ကျသည်ဟု တစ်ယောက်မှ ပြော၍မရပဲ၊ တစ်ယောက်ချင်းဆီတိုင်းတို့သည် ထိပ်ဆုံးရောက်ရမည်ဟု ယုံကြည်ချက်အပြည့် ရှိနေကြ၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now