အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ

417 47 0
                                    

အပိုင်း ၃၀၉ : အဆင့်က မြင့်လာလေလေ၊ ကွာခြားချက်က ကြီးမားလာလေလေပဲ

ဟော်မင်၏ ချောင်ပိတ်ခြင်းကို ခံခဲ့ရသော်လည်၊ ဇူရီ၏ အမူအရာတို့မှာ တည်ငြိမ်ဆဲဖြစ်၍၊ သူ၏ မျက်လုံးအစုံတို့မှာ တဖြည်းဖြည်းနှင့် လုံးဝကို မည်းနက်လာခဲ့သည်။

ခဏကြာပြီးနောက်တွင် ထူးဆန်းဖွယ်ရာ တည်ငြိမ်အေးချမ်းနေသော အမှောင်ထုအောက်တွင်၊ သူ၏ အတွင်းမှနေ၍ စူးရှတောက်ပလှသော အလင်းတန်း တစ်ခုက ပေါ်ထွက်လာခဲ့၏။ သို့သော်လည်း သူသည် နွေးထွေးမှု၊ သင့်မြတ်လိုမှုများမှ ဆိတ်သုဉ်းနေခဲ့သည်။ သူသည် သန့်စင်သော အလင်းသီးသန့်သာ ဖြစ်သည်။

"အကြွင်းမဲ့ အမှောင်ထု အတွင်းမှ၊ အလင်းရောင် မွေးဖွားလာခြင်း၊ အစွန်းနှစ်ဘက် ပြောင်းလဲခြင်း?!" ပုန်းကွယ်နေသော နဂါးချောက်၏ အပြင်တွင်၊ ရှောင်ပုတန်လေး၏ မျက်လုံးအစုံမှာ တောက်ပလာခဲ့သည်။ "စီနီယာဇူရဲ့ ကောင်းလိုက်တဲ့ အကွက်!"

ဇူရီ၏ မည်းနက်နေသော မျက်လုံးများအတွင်းမှ ထွက်ပေါ်လာသော အလင်းတန်းသည်၊ မျက်လုံးများ ကန်းလုမတတ်ပင် စူးရှလှချေသည်။ အကြွင်းမဲ့ အမှောင်ထု၏ အနက်ရှိုင်းဆုံး အပိုင်းအတွင်းမှ၊ အတောက်ပဆုံး အလင်းတန်းတစ်ခု မွေးဖွားလာခဲ့၏။ ထိုအလင်းတန်းသည် ပို၍ပို၍ အားကောင်းလာခဲ့ကာ၊ ဝင်းဝင်းဖိတ်နေသော မြင့်မြတ်သည့် အလင်းတန်း တစ်ခုအဖြစ်သို့ အသွင်ပြောင်းသွားခဲ့သည်။

ထိုမြင့်မြတ်သော အလင်းတန်းလေးသည် မရပ်တန့်နိုင်သည့်အလား၊ ဟော်မင်၏ အသူရာ အခင်းအကျင်း အတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။

ထိုမြင့်မြတ်သော အလင်းတန်းလေး၏ အထိုးဖောက်ကို ခံလိုက်ရသည်နှင့်၊ အသူရာ အခင်းအကျင်းသည် လှုပ်ရှားတုန်ခါလာခဲ့ကာ ပြိုကျပျက်စီးသွားခဲ့၏။ ဒါသည် သူက အသူရာ အခင်းအကျင်း၏ ဖျက်ဆီးမှု စွမ်းအားများကို သူ၏ဓားသွားအပေါ်တွင် စုစည်းထား၍ မဟုတ်သလို၊ သူ၏ ထိန်းချုပ်မှုများ အတွင်းမှ လွတ်မြောက်သွား၍လည်း မဟုတ်ခဲ့ချေ။ အသူရာ အခင်းအကျင်းသည် ပြင်ပမှု တိုက်ခိုက်မှု၏ စွမ်းအားကို မခုခံနိုင်၍ ဖြစ်သည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ (၂) UnicodeWhere stories live. Discover now