Chapter....6

29.7K 1.9K 71
                                    

အိမ်သို့ ဒေါသတကြီးဖြင့် လက်သီးကိုကျစ်
နေအောင်ဆုပ်ကာ ဘယ်လောက်တောင်ဒေါ
သထွက်နေလဲဆိုတာမသိ မျက်နှာပင်နီရဲနေ
လေသည်။

စိတ်တွေကလည်းအကောင်းအတိုင်းတည်ငြိမ်မနေတော့ မြင်မြင်သမျှကိုပစ်ခွဲရိုက်နှက်ပစ်
ချင်မိလေသည်။

သို့ပေမဲ့ အခုရောက်နေတာက မေမေရဲ့ရှေ့
အိမ်မှာမို့ စိတ်တွေကိုချုပ်တည်းထိန်းထားရ
ပေမဲ့ တောက်ခေါက်မိသည့်ကခဏခဏ...
ဒေါသကိုပြန်ထိန်းနေရသည်က ပို၍ခက်လေ
သည်။

"မေမေ...ဟိုကောင်အိမ်ကိုပြန်လာပြီလား"

"သားမိုင်လား ပြန်ရောက်ပြီလေ...ခုနတင်
အခန်းထဲဝင်သွားတာ...ဘာဖြစ်လို့လဲ...သား
မိုင်ကိုပိုက်ဆံလိုက်ပေးခိုင်းလိုက်တဲ့ကိစ္စအ
ဆင်ကောပြေတယ်မလား"

"အခု အဲ့ကိစ္စနဲ့ပဲပြောမလို့"

မောင်နှမနှစ်ယောက်ကိုကြည့်ပြန်တော့လည်း
ကမူးရှုးတိုးပုံစံ ခံပြင်းစိတ်တိုနေကြတဲ့အမူအ
ရာဖြင့်....

"မေမေ့သားလုပ်ပုံကောင်းသေးလား...သားတို့
မှာပိုက်ဆံလာပေးမလားဆိုပြီးစောင့်နေတာ
သူကမပေါ်လာဘူး...အခုသူများတွေပျော်ပါး
နေချိန်ပြန်လာခဲ့ရတယ်"

"ဟုတ်တယ်မေမေ့သားကို ပြောထားဦး..ဒါ
လေးတောင်အဖြစ်ရှိအောင်မလုပ်တတ်ဘူး
အခုတော့ပျော်စရာတွေပျက်ကုန်ပြီ...အဲ့ဒါသူ
ကြောင့်"

အကောင်းမှတ်လို့ အခန်းထဲကနားထောင်နေ
သည့် တည်စေရာမိုင်ကို ဆက်ပြီးဒေါသစိတ်
တွေဖြစ်တည်အောင် လောင်စာထပ်ထည့်
လိုက်သလိုပင်။ အခန်းကြမ်းပြင်ကို လက်သီး
ဖြင့် အားပါပါထုလိုက်ကာ ခပ်ပြင်းပြင်း
တောက်တစ်ချက်ခေါက်၍ ပါးရိုးများထင်းနေ
အောင်အံကြိတ်လိုက်ပြီး ဒေါသထွက်နေသော
မျက်ဝန်းတွေဖြင့် အခန်းထဲကထွက်လိုက်လေ
သည်။

"ခင်ဗျားတို့ပိုက်ဆံမို့လို့ ဘယ်လိုအကြောကြီး
နဲ့ပြောနေတာလဲ"

"ငါတို့ဒါလေးခိုင်းတာကို နင်လက်ကြောတင်း
အောင်မလုပ်နိင်လို့မလုပ်နိင်ဘူးပြောတာ ဘာ
ဖြစ်လဲ"

"ဟျောင့် ငါတို့ကမင်းထက်အကြီးတွေ ငါတို့
ဆုံးမနေတာကိုပမာမခန့်တော့မလုပ်နဲ့"

The beauty is mine  ( အလှလေးကငါ့အပိုင်)[Complete] Where stories live. Discover now