အပိုင်း(၂)

27.5K 1.5K 10
                                    

ဟင်

ဘုရား ဘုရား..ကျွန်တော်အမြင်တွေအမှောင်ကျသွားသည့်အလား ၊မမြင်ချင်သောမျက်နှာ မကြားချင်သောအသံတွေ မတွေ့ချင်ဆုံးသောလူ ။ ဒီလောကမှာ တိုက်ဆိုင်မူဆိုတာ ကျွန်တော်အတွက် မှားယွင်းတဲ့တိုက်ဆိုင်မူသာ ဖြစ်လိမ့်မည်။ မမြင်လိုသောသူ၊ မတွေ့ချင်ဆုံးသောသူကို ပြန်မြင်ရသည့်အခိုက်အတန့် ကမ္ဘာမြေကြီး တစ်ခဏ ယိမ်းယိုင်သွားသည့်အလား ခံစားမူကား ဗလာကျင်း။ ကျန်ရှိနေသေးသော ကျွန်တော် သက်တမ်းနေ့ရက်တွေမှာ ပြန်မဆုံပါရစေနဲ့ ဆိုသော တောင်းဆု နတ်ဒေဝါ မကြားလေရော့သလား။ ကျွန်တော့်၏ မေတ္တာပို့ ဆုတောင်းသံကား ခဝါချခဲ့သည့်အလား၊ တောင်းဆုတို့က မပြည့်ခဲ့။ ဆပ်ရမည့် ဝဋ်ကြွေး ကျန်ရှိနေဟန်တူ၏။

"ကလေးငယ်...."

ကျွန်တော်ကို မြင်မြင်ခြင်း စွံ့ အ, သွားသော အံ့ဩခြင်း တွေနဲ့ မျက်ဝန်းဝိုင်းဝိုင်းတွေကသက်သေ ။ တဖြေးဖြေး မျက်ရည်တွေပြည့်လာသော ကလေးငယ့်မျက်ဝန်းတွေက မျက်ရည်အိုင်ထွန်းခဲ့ပြီ။ မငိုလိုက်ပါနဲ့ ...မျက်ရည်တွေမကျလိုက်ပါနဲ့ ကလေးငယ်..ကိုကို အမှားတွေအတွက် တောင်းပန်ဖို့ ကလေးငယ်ခြေရင်း ဒူးထောက်ချပါ့မယ်။ ကလေးငယ် စိတ်ကြိုက် ဆုံးဖြတ်၍  ကိုယ်ကို့ တောင်းပန်ခွင့်လေးပေးပါ။

"ကလေးငယ်...ကိုကို့ကလေးငယ်"

"ခင်..ခင်များက ...."
"ခင်များ....ကိုရဲရင့်ဟန်သာ....ခင်များက ဒုဥက္ကဌလား "

မယုံကြည်နိုင်သေးသော ကလေးငယ်မျက်ဝန်းတွေနှင့် ထစ်,အ ၍ ထွက်ပေါ်လာသော စကားလုံးတွေက မညီညာ၊ တစ်ချိန်က နူးညံ့သေးသွယ်လှသော လက်ညှိုးလေးများဖြင့် ကျွန်တော့်ကိုညွှန်ပြရင်း မေးနေသော်လည်း ကျွန်တော့်ကလေးငယ်ကား အသိစိတ်မကပ်သေး။

ကျွန်တော်ခန္ဓာကိုယ်ထဲက သွေးတွေ ပြောင်းပြန်စီးဆင်းသည့်အလား မယုံနိုင်ခြင်းများစွာဖြင့် မေးမောမိတယ်။ ဘယ်ဆုတောင်းတွေလွဲမှားခဲ့လို့ ရခဲ့တဲ့ဝေဒနာ ပါလိမ့်။ ဘယ်ဘဝကဝဋ်ကြွေးတွေလာဆပ်နေရတာလဲကျွန်တော်က ။ ဒီလူဝဋ်ကြွေး ကုန်ခမ်းပြီထင်သော်လည်း ယခု အဘယ်ကြောင့်ပေါ်လာသနည်း ။ လောကကြီး ပျက်ရယ်ပြုစရာ ကျွန်တော်တစ်ဦးသာ ရှိနေသလား။ အမှန်တရားစောင့်နတ်တို့ ကျွန်တော့်ကို ပစ်ပါယ်ကုန်ပြီလား။

ချစ်ခြင်းတို့အလွန် Where stories live. Discover now