Chapter 2 U

375 47 10
                                    

Unicode

" ပိုင်အာ ခြေထောက်က တပတ်တော့နားရမယ်တဲ့...ဆေးပုံမှန်ထည့်ပြီးသေချာဂရုစိုက်ရင်မကြာခင်ပြန်ထောက်နိုင်မှာပါတဲ့... သမီး ဒီရက်ပိုင်းတော့ ကျောင်းမသွားနဲ့တော့နော်...မေမေ သမီးကိုစိတ်မချဘူး..."

" ဟုတ်  မေမေ သမီး အိမ်မှာပဲနားနေပါ့မယ်.."

ယွဲ့ယင်းဝေ သမီးဖြစ်သူရဲ့စကားကြောင့် အနည်းငယ်အံ့အားသင့်သွားပေမဲ့ ရှင်းဝေ့ပိုင်ရဲ့ခေါင်းကို ပုတ်ကာ..

" ဒါဆိုလဲ နားတော့နော်...ထမင်းစားခါနီးကျရင် မေမေပြင်ဆင်ပြီးလာခေါ်မယ်..."

" ဟုတ် မေမေ.."

ယွဲ့ယင်းဝေ  အခန်းတံခါးအား ပိတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။  ရှင်းကျန့် သမီးဖြစ်သူဒဏ်ရာရကြောင်းသိရသဖြင့် ကုမ္ပဏီမှ ချက်ချင်းပြန်လာခဲ့သည်။လှေကားမှ တိတ်တဆိတ်ဆင်းလာသောဇနီးသည်ကိုမြင်လိုက်သည်။

" မိန်းမ..  ပိုင်အာ ဘယ်လိုနေသေးလဲ?.. အတော်ထိခိုက်သွားလား?..ဆေးရုံကိုမသွားဘူးလား?..မိသားစုဆရာဝန်ကဘာပြောလဲ?.."
" ....."
" မိန်းမ.."

ရှင်းကျန့်  ယွဲ့ယင်းဝေရဲ့လက်မောင်းကို လှုပ်ကိုင်ကာ မေးလိုက်သည်။ထိုအခါမှ  သတိပြန်ဝင်လာသောဇနီးသည်က...

" ပိုင်အာ  ခြေထောက်အဆစ်လွ​ဲသွားတာ..တပတ်လောက်နားရမယ်...ဒီရက်ပိုင်း အိမ်မှာပဲနေဖို့ပြောထားတယ်.."

" အော် တော်သေးတာပေါ့.. ဒါနဲ့ မင်းကဘာဖြစ်နေတာလဲ.. အသိစိတ်လွတ်နေတဲ့လူလိုပဲ.."

" ပိုင်အာက ကျမကို ဟုတ်ကဲ့မေမေတဲ့သမီးအိမ်မှာပဲနားနေပါ့မယ်တဲ့.."

" မိန်းမ  သမီးလေး ခြေထောက်ပဲထိတာသေချာလား?..ခေါင်းရောမထိသွားဘူးလား?..စစ်ဆေးကြည့်ရဲ့လား?..."

"....."
ထိုအချိန်   ရှင်းဖေးပိုင် ကျောင်းမှ ပြန်လာကာ မိခင်ဖြစ်သူအား ညီမဖြစ်သူရဲ့သတင်းကိုမေးလေသည်။ ယွဲ့ယင်းဝေက ရှင်းကျန့်ကိုပြောပြခဲ့သလို ရှင်းဖေးပိုင်ကို ပြန်ပြောပြသည်။

ရှင်းဖေးပိုင် တခဏမျှတိတ်ဆိတ်နေပြီးနောက်..
"   ညီမလေးကို  ဆေးရုံမှာ သေချာစစ်ဆေးသင့်တာ သေချာတယ် မေမေ.."
(W/လိုက်လဲလိုက်တဲ့မိသားစု😂)
-----------------
အိမ်အောက်ထပ်မှာကမ္ဘာပျက်နေတာမသိတဲ့ရှင်းဝေ့ပိုင်ကတော့ ကုတင်ပေါ်မှာ ကွန်ပျူတာတလုံးကိုကိုင်ကာ ဇာတ်လိုက်နဲ့ပက်သက်တာတွေကိုရှာနေသည်။ကျောင်းဖိုရမ်ထဲတွင် ဇာတ်လိုက်ရဲ့အကြောင်းတွေဟာ မသိချင်မှအဆုံးပလူပျံနေလေသည်။နတ်ဘုရားကုကဘယ်လိုချောတာ၊နတ်ဘုရားကုကစာအရမ်းတော်တာ၊နတ်ဘုရားကုကဘက်စုံအားကစားမှာဘယ်လိုထူးချွန်တာစသည့်ဖြင့်....များပြားလှသောအချက်အလက်တွေရလိုက်သည်။

ကူးပြောင်းလာပြီးနောက်  ငါလေးက စောက်ရမ်းမိုက်လာတယ်Where stories live. Discover now