အပိုင်း ၁၈

446 67 9
                                    

Unicode

သီးသန့်ခန်းအတွင်း   မိနစ်အနည်းငယ်လောက်တိတ်ဆိတ်သွားသည်။အားလုံးက ပိုင်ဝေ့ရှင်းနဲ့ ပိုင်မီရာတို့ပေါ်တွင်သာ အာရုံရောက်နေကြသည်။ 
တိတ်ဆိတ်နေသောအခန်းအား တံခါးခေါက်သံတခုက ဖြိုခွဲလိုက်သည်။အစားသောက်တွေမှာထားတာကအချိန်ကိုက်ပင် ရောက်ရှိလာသည်။ စားပွဲထိုးများက စားစရာများကို စီစဥ်တကျ ချပေးပြီးသွားတော့ မန်နေဂျာက ကာတာရှီကို ခေါင်းငြိမ့်ပြကာ ပြန်ထွက်သွားကြသည်။

" နင် အဲ့ဒါကြောင့် ငါ့ကို သဘောမကျတော့တာလား?.."
ပိုင်မီရာမေးလိုက်သည်။

"မဟုတ်ပါဘူး.. ငါ့ကိုယ်ငါကလွဲရင် ဘယ်သူ့ကိုမှစိတ်မဝင်စားရုံတင်ပါ.."

ရိုးရိုးရှင်းရှင်းစကားလေးပေမဲ့   ကာတာရှီတယောက် မျက်မှောင်ကြုံကာ ကြည့်လိုက်မိသည်။  ဒီစကားက သူ့ကိုလဲ သတိပေးတာလို့သတ်မှတ်လို့ရတယ်မလား?..။

" ဒါပေမဲ့  အဖေက အခု နင့်ကိုလိုအပ်နေတယ်လေ... နင့်ကိုပဲ မေးနေတာ.. အမေ့ကိုရောငါ့ကိုရောမဟုတ်ဘူး..နင့်ကို.."

" တာဝန်နဲ့ခရီးသွားနေတယ်ပြောလိုက်ပါ.."

"  ငါတောင်းပန်ပါတယ်..အဖေ့ကိုလိုက်တွေ့ပေးပါ.."
ပိုင်မီရာ ခေါင်းငုံ့ကာ ပြောလိုက်သည်။

ပိုင်မီရာရဲ့အမူအရာကြောင့်  အခန်းထဲရှိလူများ အနေရခက်သွားသည်။ ပိုင်ဝေ့ရှင်း စိတ်ရှုပ်လာကာ အော်ဟစ်ချင်မိသည်။
ရိုစလီက ပိုင်ဝေ့ရှင်းလက်ကို လာဆွဲကိုင်ကာပြောလိုက်သည်။

" ဝေ့ဝေ့  .. ငါနင့်ကိုဆရာလုပ်တာတော့မဟုတ်ပေမဲ့ နင် သွားတွေ့သင့်တယ်လို့ ငါထင်တယ်..."

" ရိုစလီ.."

"ရှင်း...မင်းသွားတွေ့သင့်တယ်..မင်းစိတ်ထဲမှာရှင်းသွားတာပေါ့..သွားတွေ့လိုက်ပါ..ပြီးမှနောင်တရတာထက်စာရင်ပေါ့.."
လို့ ယုကီအီကလဲ ဝင်ပြောလိုက်သည်။

ပိုင်ဝေ့ရှင်း အနည်းငယ်စဥ်းစားကာ သဘောတူလိုက်သည်။

" ဟုတ်ပြီလေ...  ငါလိုက်ခဲ့မယ်.."

ချစ်သောဗီလိန်လေး 2  (Ongoing)Where stories live. Discover now