အပိုင်း ၃၂၄ --- အပိုင်း ၃၂၅

458 43 0
                                    

အပိုင်း ၃၂၄ : တခြားတောင်က ကျောက်တုံးတွေဟာ၊ မင်းရဲ့ ကျောက်စိမ်းကို အရောင်တင်ပေးနိုင်တယ်

ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ အတီးအမှုတ်နှင့် အကအခုန်တို့အား ကြည့်လိုက်ကြကာ၊ ကြည့်ရှုနေသူ အများစုတို့မှာ ကြောင်သွားကြပြီး၊ ဘာဖြစ်နေမှန်းမသိ ဖြစ်ကုန်ကြသည်။

သို့သော်လည်း ဇူရီက ချက်ချင်း မှတ်မိလိုက်သည်။

ဝတ်ပြုခြင်း၊ ဂီတပညာ၊ လေးပစ်အတတ်၊ စစ်ရထား မောင်းနှင်ခြင်း၊ လက်ရေးအလှ ရေးသားခြင်း၊ သင်္ချာပညာ - သူတို့အား ကွန်ဖြူရှပ် ဝါဒအတွင်းမှ ပညာရပ် ခြောက်ရပ်ဟု ခေါ်ကြသည်။ ဂီတပညာတွင် မဟာဂီတ သို့မဟုတ် မဟာအကပညာ ခြောက်မျိုးရှိသည်။ ယွမ်မန်၊ တရှမ်း၊ တဆောင်၊ တရှ၊ တဟူနှင့် တဝူတို့ ဖြစ်ကြ၏။

ကျောင်ကျုံချန်း ယခုသရုပ်ဖော်နေသည်မှာ တဆောင်ဖြစ်၏။

ဇူရီက သူ၏ သရုပ်ဖော်မှု၏ အစမူလအား သိရှိနေသည်ကို တွေ့လိုက်ရသောအခါ၊ ကျောင်ကျုံချန်း၏ အမူအရာမှာ ပျော်ရွှင်သည့်ပုံ ပေါက်သွားခဲ့သည်။ "တကယ့်ကို သွေးသားတော်စပ်တဲ့ စိတ်ဝိညာဉ်ပဲ!"

သို့သော်လည်း ဇူရီမှာ မပြုံးခဲ့ပေ။ သီချင်းနှင့် အကအခုန်တို့ကို ငြိမ်သက်စွာ စောင့်ကြည့်နေခဲ့ကာ၊ ခေါင်းတစ်ချက် ညိတ်လိုက်သည်။ "ရှေးပညာရှိတွေ အဆိုရှိတာက၊ 'ကောင်းမှုကုသိုလ်က အထွတ်အထိပ်ကို ရောက်သွားရင် အမတန်မှ ကြီးမြတ်တယ်! ကောင်းကင်လိုမျိုး သူ မကာကွယ်နိုင်တဲ့ အရာမရှိဘူး။ မြေကြီးလိုမျိုး သူ သည်းမခံနိုင်တဲ့ အရာမရှိဘူး။ မဟာ ကောင်းမှုကုသိုလ်ဟာ အမြင့်ဆုံး အဆင့်ကို ရောက်သွားခဲ့ရင်၊ နောက်ထပ်ထပ်ပြီး ထည့်သွင်းနိုင်တဲ့ အရာမျိုး မရှိတော့ဘူး'။ သူတို့ဟာ အမှန်တရားပဲ၊ ချီးကျူးဖို့အတွက် ထိုက်တန်လှပါတယ်"

'ပညာရှိတွေ၊ ပဏ္ဍိတတွေက ပြောဖူးတယ် - 'အလှအပဆိုတာ အကန့်အသတ်ရှိတယ်၊ ပြည့်စုံခြင်းဆိုတာ အကန့်အသတ် ရှိတယ်'။ သူတို့က တဆောင်ရဲ့ ဂီတပညာဟာ ပဋိပက္ခတွေ၊ ရန်လိုမှုတွေကနေ၊ လုံးဝဝေးကွာနေတယ်။ 'ထုံးတမ်းစဉ်လာရဲ့ စည်းမျည်းစည်းကမ်း'တွေနဲ့ ညီညွှတ်စွာ ဆောင်ရွက်ရမယ်လို့ ယူဆထားကြတယ်"

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now