အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ

393 53 0
                                    

အပိုင်း ၃၃၂ : ရွှမ်ဟွမ် ကမ္ဘာလေးခု မှော်ကျိန်စာ

စုန့်ချင်းယွမ်သည် ထူးခြားသော မှော်ကျိန်စာ တစ်မျိုးအား ဖော်ထုတ်လိုက်၏။ သူ၏ လက်ချောင်းများ အကြားမှ ကွက်လပ်တွင်၊ ရေခဲတစ်ချပ်က ရုတ်တရက် ပေါ်လာခဲ့သည်။ ပြီးတာနှင့် မီးတောင်များက တောက်လောင်လာခဲ့သည်။ သူ့တို့ကို ကြည့်ရသည်မှာ လိုက်လျောညီထွေ ရှိလှပေသည်။

သူ၏ ညာလက်တွင် လက်ညှိုးနှင့် လက်ခလယ်တို့က ဖြောင့်တန်းလျှက်ရှိသည်။ ပေါင်းစည်းသွားကာ သူတို့သည် ဓားတစ်ချောင်း အလား ဖြစ်နေခဲ့၏။ သို့သော်လည်း သူသည် သူ၏လက်ဖြင့် ရှောင်ပုတန်အား မထိုးခဲ့ပေ။ ထို့အစား သူ၏နဖူးကို သူပြန်ထိုးလိုက်သည်။

ထိုမြင်ကွင်းအား ကြည့်လိုက်ရသောအခါ၊ ပထမဆုံး အံ့ဩတုန်လှုပ်သွားကြသော သူများမှာ၊ နတ်ရေကန်ဂိုဏ်းမှ တပည့်များပင် ဖြစ်ကြ၏။ အားလုံးတို့သည် ပုန်းကွယ်နေသော နဂါးချောက် အတွင်းမှ စုန့်ချင်းယွမ်အား ကြက်သေသေကာ စိုက်ကြည့်နေကြ၏။

"ရေခဲမီးတောက် ဓားအော်ရာအစုံ!" လူအုပ်ကြီးအတွင်းမှ အာမေဋိတ်သံ တစ်ခုက ထွက်ပေါ်လာ၏။ ပြောခဲ့သောသူသည် စိတ်လှုပ်ရှားလွန်းလှသဖြင့် အော်ဟစ်နေသကဲ့သို့ ဖြစ်နေခဲ့၏။

နတ်ရေကန်ဂိုဏ်းမှ တပည့်များ အားလုံးသည် သူတို့၏ဆရာ၊ ချောင်ဝေအား စိုက်ကြည့်နေကြသည်။ "ရေခဲမီးတောက် ဓားအော်ရာအစုံက ငါတို့ဆရာရဲ့ ပွဲသိမ်းသိုင်းကွက်ပဲ။ ရေခဲမီးလျှံ အကြီးအကဲ နှစ်ယောက်တောင်မှ ဒါကို မသိကြဘူး"

စုန့်ချင်းယွမ်အား သူ၏ ပြိုင်ဘက်အဖြစ် အကြာကြီး သတ်မှတ်ထားခဲ့သော မုကျိဟိုင်သည်၊ အလွန်အမင်းကို တုန်လှုပ်နေခဲ့သည်။ သူ၏ စိတ်ဝိညာဉ်က သူ၏ ခန္ဓာကိုယ် ပြင်ပသို့ ထွက်ခွာသွားသကဲ့သို့ ဖြစ်၏။ သူသည် စုန့်ချင်းယွမ်အား တွေတွေကြီး ကြည့်နေခဲ့၍၊ အချိန်အကြာကြီးနေမှ သတိပြန်ဝင်လာခဲ့သည်။ သူက အော်ဟစ်လိုက်၏။ "မဖြစ်နိုင်ဘူး။ ဟန်ပြရုံ သက်သက်ပဲ ဖြစ်လိမ့်မယ်!"

သူ့ကိုယ်သူ ယခုကဲ့သို့ နှစ်သိမ့်ပေးမှသာ၊ သူသည် စိတ်ဓာတ်ပြိုလဲသွာခြင်းမှ ရှောင်ရှားနိုင်လိမ့်မည်။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now