အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု

399 41 0
                                    

အပိုင်း ၃၃၅ : လူစွမ်းကောင်းတို့၏ ယှဉ်ပြိုင်တိုက်ခိုက်မှု

ရှောင်ပုတန်လေးသည် 'ယု'မှော်ကျိန်စာအား အသုံးပြုခဲ့ပြီးနောက်တွင်၊ သူသည် ကောင်းကင် အလင်းနှင့်အမှောင် မန်ဒလာ မဟာနယ်နိမိတ်၏ ပြိုကျပျက်စီးမှုကို တားဆီးနိုင်ခဲ့၍၊ သူ၏ ဖျက်ဆီးခြင်း အလားအလာအား ရပ်တန့်နိုင်ခဲ့သည်။

ဇူရီသည် ထိုစကြာဝဠာ အသေးစားလေး၏ ဖန်ဆင်းရှင် ဖြစ်သော်လည်း၊ သူသည် သူ့အား ဖျက်ဆီးရန် မတတ်နိုင် ဖြစ်နေခဲ့၏။

ဇူရီသည် သူ၏မျက်လုံးအစုံအား ကြုတ်လိုက်သော်လည်း၊ သူဘာမှ မလုပ်နိုင်ခင်တွင် ရှောင်ပုတန်က နောက်ထပ်အကွက်တစ်ခုကို ထုတ်လိုက်သည်။

မဟာနယ်နိမိတ်၏ အတွင်းတွင်၊ ရှောင်ပုတန်လေးသည် သူ၏ရင်ဘတ်လေးအား လက်နှစ်ဘက်စလုံးဖြင့် ပုတ်နေခဲ့သည်။ သူ၏ လက်သီးဆုပ်လေးအတွင်းမှ လှိုင်းတွန့်လေးများ စတင်ပျံ့နှံ့လာခဲ့သည်။ မကြာခင်တွင် မဟာနယ်နိမိတ် အတွင်းမှ လေဟာနယ် တစ်ခုလုံးသည် တုန်ခါလာခဲ့ကာ၊ လေဟာနယ် အတွင်းတွင် လှိုင်းတွန့်သင်္ကေတများသည် ရေလှိုင်းများသဖွယ် ပေါ်ပေါက်လာခဲ့သည်ကို တွေ့လိုက်ရ၏။

အဝါရောင် ကောင်းကင်ခေါင်းလောင်းတူလေးသည် ရှောင်ပုတန်၏ ဗလာနတ္တိ အစိမ်းရောင် ဆေးမီးဖိုလေးအား ရိုက်ခတ်ပြီးနောက်တွင်၊ သူသည် အတွေးသစ် အမြင်သစ်များကို ရရှိခဲ့၍ သူ၏ 'ယု'မှော်ကျိန်စာနှင့် ပူးပေါင်းနိုင်ခဲ့သည်။ ထို့ကြောင့် ယခုကဲ့သို့ အကွက်ခွဲတစ်ခု ရရှိခဲ့ခြင်း ဖြစ်သည်။

လေဟာနယ် အတွင်းမှ လှိုင်းတွန့်များသည် မပြတ်မစဲ ထွက်ပေါ်လာနေကြပြီး၊ သူတို့သည် ဇူရီကြိုးစားကာ လုပ်ဆောင်နေခဲ့သည် တမင်သက်သက် ပြိုကျပျက်စီးအောင် ပြုလုပ်ခြင်းနှင့် ကွဲပြားခြားနားနေ၏။ ဇူရီ၏ မဟာနယ်နိမိတ်အား ဖိအားပေး ဖျက်ဆီးခြင်းသည် အတွင်းဘက်သို့ ဦးတည်နေခဲ့၍၊ ရှောင်ပုတန်၏ စွမ်းအားများသည် အတွင်းမှ အပြင်သို့ ပျံ့နှံ့သွားခြင်းဖြစ်သည်။

ရှောင်ပုတန်လေး၏ 'ယု'မှော်ကျိန်စာသည် ဇူရီ၏ မဟာနယ်နိမိတ်အား ဖျက်ဆီးပစ်နိုင်ခဲ့သည်!

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now