အပိုင်း ၄ (အပိုင္း ၄)

611 96 23
                                    

Unicode

"သတိရလာပြီ..."

ငြိမ်သက်ကာမေ့မြောနေသူက မျက်လုံးတွေပွင့်လာတော့ ဘေးကလူတွေက ဟိုဆော့ သတိရလာကြောင်းကို အချင်းချင်းသတိပေးကြ၏။

မျက်လုံးကို ဖြည်းဖြည်းချင်းအားယူပြီးဖွင့်လိုက်တော့... အခန်းတစ်ခုထဲကိုရောက်နေတာ...

ဘာလို့လဲ တစ်ကယ်ဆိုသေသွားရမှာမဟုတ်ဘူးလာ...ဘာများထပ်ဆုံးရှုံးစရာရှိသေးလို့လဲ...ကိုယ်တိုင်တောင်ဆုံရှုံးသွားပြီထင်နေတာ...သတိကပြန်ရလာသေးတာပဲ...

"သတိရလာပြီပဲ...နေရတာသက်သာရဲ့လား "

အခန်းထဲကိုဝင်လာတဲ့ ဖြူစွတ်စွတ်အသားအရည်နဲ့လူ...
ဘာလို့သူပဲလဲ မုန်းတယ်
ဟုတ်တယ် မေမေ့ကိုသတ်ခဲ့တဲ့ခဗျားကို ကျွန်တော်မုန်းနေရမှာ

"ဆေးရော သောက်ပြီးပြီလား"

ဘာတစ်ခွန်းမှပြန်မပြောပဲ ရင်ငုံနှုတ်ပိတ်နေနေတဲ့ ဟိုဆော့ကို ယွန်းဂီစိတ်မရှည်တော့...

"ဟူး... အပြင်ကဘယ်သူရှိလဲ လာကြစမ်း!"

"ဟုတ်လာပါပြီ ဆရာ"

"ဘယ်မှာလဲ ဆေးဆရာ ဟိုဆော့သတိရလာပြီ သွားခေါ်ချေ "

"ခေါ်ထားပါတယ် ဆရာ မရောက်လာသေးတာ"

"တောက်စ်! စောက်သုံးမကျတဲ့ကောင်တွေ"

ယွန်းဂီ စိတ်တိုတစ်ချက်မှ တပည့်တွေအနားက ပြေးကုန်သည်။
မဟုတ်လျှင်ကျည်ဆံကခေါင်းထဲကိုအချိန်မရွေးဝင်သွားနိုင်၏။

"ဆေးဆရာလာပါပြီ..."
ဆေးဆရာဆိုသူက ဟိုဆော့ကိုတစ်ချက်ကြည့်ပြီး တွေးမိသည်။

ဒီကလေးက နူးနူးညံ့ညံ့လေးရယ်
ဒီစခန်းကတော့မဖြစ်နိုင်ချေဘူး
အဖမ်းများခံလာရတာလား

"ဟေ့လူ! ဘာလို့ သူ့ကိုအဲ့လောက်စိုက်ကြည့်နေရတာလဲ"

"မ...မဟုတ်ပါဘူး"

"ကုစရာရှိတာကု...မသက်သာပဲ တစ်ခုခုဖြစ်သွားလို့ကတော့... ခဗျားပါအသက်မရှင်ရဘူးမှတ်"

"ဟုတ်...ဟုတ်ကဲ့ပါ ဗိုလ်ကြီး"

ဆေးဆရာက အကြောက်လွန်ပြီး
တုန်တုန်ရီရီဖြစ်နေသည်။

သက်ညှာ၏ ခြေတော်ရင်း S1+S2 (သက်ညှာ၏ ခြေတော်ရင်း)Where stories live. Discover now