အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!

434 50 0
                                    

အပိုင်း ၃၃၇ : ငါလည်းသွားချင်တယ်!

လင်းဖုန်းသည် စနစ်ကြီး၏ အတွင်းသို့ ဝင်လိုက်၍ သူ၏ ရေပန်းစားမှု တန်ဖိုးအား ကြည့်လိုက်သည်။ စနစ်ကြီး၏ အတွင်းတွင် မဟာချင် အင်ပါယာ၏ အရှေ့မြောက်ပိုင်းတွင် တည်ရှိနေကြသော ယုကျိုးမြို့နှင့် မြောက်ပိုင်းလေပြင်း ပင်လယ်အတွင်းတွင်၊ သူ၏ ရေပန်းစားမှု တန်ဖိုးမှာ တစ်ညတာ အတွင်းတွင်ပင် မိုးထိအောင် မြင့်မားသွားခဲ့ပေသည်။

ထို့အပြင် အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း တစ်ခုလုံး၏ ရေပန်းစားမှုသည်လည်း ၈၀မှတ်အထိ ရောက်သွားခဲ့၏။ ရှေးယခင်ကနှင့် မတူပဲ အဆပေါင်းများစွာ တက်လာခြင်း ဖြစ်သည်။ ရှကျိုးမြို့တွင် ဂိုဏ်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်ခဲ့စဉ်ကထက်ပင် ပိုမိုတိုးတက်နေခဲ့သေးသည်။

ရှကျိုးမြို့မှ ဂိုဏ်းဖွင့်ပွဲ အခမ်းအနား အပြီးတွင်၊ ခွန်းလွန်တောင်ခြေ မြောက်ပိုင်းမှ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ရေပန်းစားမှုတန်ဖိုးသည် ၇၅ထက် မပိုခဲ့ပေ။

လင်းဖုန်းအား ပိုမိုပျော်ရွှင်စေသည့် အချက်မှာ၊ ဤအစည်းအဝေးတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ဂိုဏ်းအသီးသီး၏ အတွင်းတွင်၊ အံ့ဖွယ် ကောင်းကင်ဘုံဂိုဏ်း၏ ရေပန်းစားမှုတန်ဖိုး အလားအလာတို့မှာ ၇၀အထိ တက်လာသောကြောင့် ဖြစ်သည်။

အချိန်ကုန်လွန်သွားသည်နှင့်အမျှ၊ ဖြစ်ရပ်ကြီးကြီးမားမား တစ်ခုသာ မဖြစ်ခဲ့လျှင်၊ အလားအလာ တန်ဖိုးတို့သည် အမှန်တကယ် ရေပန်းစားမှု တန်ဖိုးအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။

ထိုဒေသများတွင် လင်းဖုန်း၏ ကိုယ်ပိုင် ရေပန်းစားမှု အလားအလာ တန်ဖိုးတို့သည်လည်း ၇၀အထိ တက်သွားကြ၏။

တစ်ခုတည်းသော ခြွင်းချက်မှာ မဟာချင် အင်ပါယာ၏ အရှေ့တောင်ပိုင်တွင် ရှိသော၊ အလင်းဓားမြန်ဂိုဏ်း ဖြစ်၏။ လင်းဖုန်းသည် ရှောင်ယန်၏ ယခင်က အချိန်းအချက် ပြုထားသော ချိန်းဆိုမှုအတွက်၊ အစောပိုင်းက ရှင်းယွင်တောင်ထိပ်သို့ လိုက်ပါသွားခဲ့၏။ ရှင်းယွင်တောင်ထိပ်မှ တိုက်ပွဲအပြီးတွင်၊ ထိုနေရာမှ လင်းဖုန်း၏ ကိုယ်ပိုင် ရေပန်းစားမှုတန်ဖိုးသည် ၈၀သို့ ရောက်သွားခဲ့ပြီး၊ သူ့ဂိုဏ်း၏ ရေပန်းစားမှု တန်ဖိုးသည် ၇၀သို့ ရောက်သွားခဲ့၏။

ဂန္တဝင်ဂိုဏ်းချုပ် အတွဲ(၃) UnicodeWhere stories live. Discover now